spot_img

လာမည့်နွေရာသီအပြောင်းအရွှေ့တွင် မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူရန် PSG အသင်း ဆက်သွယ်နေ

ပြင်သစ်ထိပ်သီး PSG အသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူရန် ဆက်သွယ်လျက်ရှိနေကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြနေကြသည်။

အသက် ၂၄ နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် ယခုရာသီတွင် မန်ယူအသင်းအတွက် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် ၁၁ ပွဲတွင် လေးဂိုး သာ သွင်းယူထားနိုင်သေးသည်။ ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်းတွင် တစ်ပတ်လစာ ပေါင် ၂၀၀၀၀၀ ရရှိနေပြီး ၎င်း၏ လက်ရှိစာချုပ်မှာ ၂၀၂၃ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ သို့သော် လက်ရှိစာချုပ်အရ မန်ယူအသင်းအနေဖြင့် ရပ်ရှ်ဖို့ဒ်ကို တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေကြောင်း သိရှိရသည်။

myan789

PSG အသင်းသည် အသင်းတိုက်စစ်ပိုင်းတွင် မက်ဆီ၊ နေမာတို့နှင့် တွဲဖက်ပေးရန် ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူလိုနေခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် PSG အသင်းအနေဖြင့် လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာဖွယ် ရှိနေသည့် အသင်းတိုက်စစ်မှူး ဘာပေ၏ နေရာတွင် အစားထိုးရန် ရပ်ရှ်ဖို့ဒ်ကို အလိုရှိနေခြင်းဖြစ်ကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြနေကြသည်။

အသက် ၂၃ နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘာပေသည် ယခုရာသီတွင် PSG အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လာမည့်နွေရာသီတွင် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့မည်ဟု သတင်းထွက်နေသည်။ ထို့ကြောင့် PSG အသင်းသည် ဘာပေ၏နေရာတွင် အစားထိုးရန် ရပ်ရှ်ဖို့ဒ်ကို ယခုကတည်းက ဆက်သွယ်နေခြင်းဖြစ်ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular