ဆင်နယ်အသင်း အားကစားဒါရိုက်တာ အီဒူးသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှ ပြင်သစ်တိုက်စစ်မှူးလာကာဇက်အပါအဝင် ကစားသမား(၅)ဦးအားရောင်းချရန် စီစဉ်နေသည်ဟု သိရသည်။
လာကာဇက်သည် လာမည့်နွေရာသီတွင် အသင်းနှင့် စာချုပ်သက်တမ်းစေ့မည်ဖြစ်ပြီး လာမည့်ဇန်နဝါရီတွင် ပြည်ပကလပ်များနှင့် အပြောင်းအရွှေ့အတွက် ဆွေးနွေးခွင့်ရှိမည်ဖြစ်သည်။
လာကာဇက်ကဲ့သို့ပင် အီဂျစ်ကွင်းလယ်လူ အယ်လ်နန်နီ၊ အင်္ဂလန်တိုက်စစ်မှူး အန်ကယ်တီယာ၊ ဘော့စနီးယားနောက်ခံလူ ကိုလာရှီနက် အစရှိသူတို့မှာလည်း ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းစေ့မည်ဖြစ်ရာ ၎င်းတို့အတွက် ပြောင်းရွှေ့ကြေးအနည်းငယ်ရရှိနိုင်ရန် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ အာဆင်နယ်အသင်း၏ နောက်ပိုင်းပွဲစဉ်များတွင် အင်္ဂလန်ဂိုးသမား ရမ်စ်ဒေးလ်ကြောင့် နေရာပျောက်ဆုံးလာသော ဂျာမန်ဂိုးသမား လေနိုကိုလည်း ရောင်းချရန် အီဒူးက စဉ်းစားနေကြောင်း ဗြိတိန်မီဒီယာများကဖော်ပြခဲ့ကြသည်။