ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုက လက် ရှိအချိန်တွင် မိမိအတွက် ယူရိုပြိုင်ပွဲသာ အရေးအကြီးဆုံးဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဟန်ဂေရီနှင့် ယှဉ်ပြိုင်ရမည့် ယူရို-၂၀၂၀ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲအတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် အပြောင်းအရွှေ့နှင့်ပတ်သက်၍ မေးမြန်းခြင်းကို စီရော်နယ်လ်ဒိုက ယင်းကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ကိုရိုနာဗို်င်းရပ်စ်နှင့်ပတ်သက်သည့် မေးမြန်းမှုကို ”ကျွန်တော်တို့ ဒါကို စိုးရိမ်ပူပန်မနေပါဘူး။ ဒီအကြောင်းကိုလည်း မပြောဖြစ်ကြပါဘူး။ အသင်းက ကစားသမားအများစုအတွက် ပထမဆုံးယူရိုပြိုင်ပွဲဖြစ်နေတာကိုပဲ အဓိကထားပါတယ်။ ကျွန်တော့်အတွက်တော့ (၅)ကြိမ်မြောက်ယူရိုပါ။ ဒါပေမဲ့ ပထမဆုံးယူရိုလို ဖြစ်နေတုန်းပါပဲ”ဟု ပြော ကြားခဲ့သည်။
ယင်းသတင်းစာရှင်းလင်းပွဲ၌ ၎င်းရှေ့တွင်ချထားသည့် ကိုလာပုလင်းများကိုဖယ်ရှားကာ ရေပုလင်းကို ကိုင်မြှောက်ပြခဲ့သည့် စီရော်နယ်လ်ဒိို၏လုပ်ရပ်မှာလည်း လူပြောများခဲ့ကြောင်း သိရသည်။