အက်သလက်တီကိုအသင်းဂိုးသမား အိုဘလက်ခ်က လက်ရှိလာလီဂါပြိုင်ပွဲမှာ မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ ရှိစဉ်ကထက် ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်ကြောင်း ပြောကြားခဲ့သည်။
ယခုရာသီ လာလီဂါပြိုင်ပွဲတွင် အဆင့် ၁ မှ ဦးဆောင်နေသည့်အသင်းနှင့် အဆင့် ၆ မှအသင်းတို့၏ အမှတ်ကွာဟမှုမှာ နည်းပါးလျက်ရှိပြီး ပြိုင်ဆိုင်မှုပြင်းထန်နေသည်။ ထို့ကြောင့် အိုဘလက်ခ်က လာလီဂါပြိုင်ပွဲဝင် အသင်းများ၏ ကွာဟမှုမှာ ယခင်ကထက် လျော့နည်းလာကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အိုဘလက်ခ်က “လာလီဂါပြိုင်ပွဲဝင်အသင်းတွေမှာ ကွာဟမှုကြီးကြီးမားမား မရှိ တော့ပါဘူး။ အသင်းတိုင်းက အရမ်းကောင်းလာကြပြီး ပွဲစဉ်တိုင်းက ခက်ခဲပါတယ်။ လာလီဂါပြိုင်ပွဲက ပြိုင်ဆိုင်မှုအရမ်းပြင်းထန်ပါတယ်။ စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ လာလီ ဂါမှာ ကစားတုန်းကတော့ တစ်ကမ္ဘာလုံးက သူတို့နှစ်ဦးအကြောင်းကိုပဲ ပြောကြပါတယ်။ ဒါပေမဲ့ အခု လာလီဂါပြိုင်ပွဲက သူတို့ ရှိစဉ်ကလောက် မလွယ်တော့ပါဘူး။ လာလီဂါပြိုင်ပွဲဟာ ထိပ်တန်းကစားသမားတွေနဲ့ ပြိုင်ဆိုင်မှု ပိုပြင်းထန်လာပါတယ်”ဟု ပြောကြားခဲ့သည်။
ထို့ပြင် အိုဘလက်ခ်က ယနေ့ ကစားရမည့် ဘာစီလိုနာနှင့်ပွဲမှာ အလွန်ခက်ခဲမည်ဖြစ်ပြီး ၎င်းတို့အတွက် အရေးကြီးသည့် ပွဲဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။