လိဒ်စ်အသင်းသည် လက်ရှိနည်းပြ ဟာဗီဂရာစီယာကို ရာထူးမှ ထုတ်ပယ်ရန်စီစဉ်နေပြီး ကစားသမားဟောင်းတစ်ဦး ဖြစ်သည့် လီဘောင်ယာကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ ခန့်အပ်သွားဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများစွာက ဖော်ပြခဲ့ကြသည်။
လိဒ်စ်အသင်းသည် ဖေဖော်ဝါရီလအတွင်း ဂျက်ဆီမက်ရှ်ကို ထုတ်ပယ်ကာ ဂရာစီယာကို ခန့်အပ်ပြီး နည်းပြအပြောင်းအလဲလုပ်ခဲ့သော်လည်း တိုးတက်မှုမရှိခဲ့ဘဲ တန်းဆင်းအန္တရာယ်အတွက် စိုးရိမ်နေရဆဲဖြစ်သည်။
ထို့ကြောင့် ဂရာစီယာကို ထုတ်ပယ်ရန် နီးစပ်နေပြီဟု ထင်ကြေးပေးနေကြခြင်းဖြစ်ပြီး ချာလ်တန်နှင့် ဘာမင်ဂမ်အသင်းတို့အား ကိုင်တွယ်ခဲ့သည့် လီဘောင်ယာကို ယာယီနည်းပြအဖြစ် တာဝန်ပေးသွားဖွယ်ရှိကြောင်း သတင်းထွက်နေခြင်းဖြစ်သည်။