spot_img

လက်ထိဘောကို ပယ်နယ်တီမပေးရန် ဆုံးဖြတ်သည့် ဒိုင်လူကြီး အတ်ဝဲလ်နှင့် ပွဲမတိုင်မီ မက်ဂွိုင်းရားအား ဝေဖန်ခဲ့သည့် ချယ်လ်ဆီးဝက်ဘ်ဆိုက်ကို ဆိုးလ်ရှား ဒေါသပေါက်ကွဲ

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် တနင်္ဂနွေနေ့က ချယ်လ်ဆီးအသင်းနှင့်ပွဲတွင် လက်ထိဘောကို ပယ်နယ်တီမပေးရန် ဆုံးဖြတ်ခဲ့သည့် ဒိုင်လူကြီး အတ်ဝဲလ်နှင့် ပွဲမတိုင်မီတွင် အသင်းခေါင်းဆောင် မက်ဂွိုင်းရားအား ဝေဖန်ရေးသားထားသည့် ချယ်လ်ဆီး အသင်းဝက်ဘ်ဆိုက်တို့ကို ဒေါသပေါက်ကွဲခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးနှင့် မန်ယူအသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ အဖြစ် တနင်္ဂနွေနေ့က လန်ဒန်မြို့၌ ယှဉ်ပြိုင်ကစားရာ ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

myan789

ပထမပိုင်း ၁၅ မိနစ်ခန့်တွင် ရပ်ရှ်ဖို့ဒ်၏ ပြစ်ဒဏ်ဘောကန်သွင်းမှုကို ချယ်လ်ဆီးဂိုးသမား မန်ဒီ ပုတ်ထုတ်ကာကွယ်ရာမှ ပြန်ထွက်လာသည့်ဘောလုံးအား ဟတ်ဆန်အိုဒွိုင်းနှင့် ဂရင်းဝုဒ်တို့ ရယူရန် ကြိုးပမ်းစဉ် ဟတ်ဆန်အိုဒွိုင်း၏လက်အပြင် ဂရင်းဝုဒ်၏လက်မောင်းနှင့်လည်း ထိသွားခဲ့သည်။

ဒိုင်လူကြီး အတ်ဝဲလ်သည် ယင်းဖြစ်ရပ်အတွက် ပယ်နယ်တီမပေးဘဲ ဆက်ကစားစေခဲ့သလို ကွင်းနံဘေးရှိ VAR မော်နီတာကို ထပ်မံသွားရောက်ကြည့်ရှုသော်လည်း ပယ်နယ်တီမပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီမှစ၍ ပရီးမီးယားလိဂ်တွင် ပယ်နယ်တီ ၂၂ ကြိမ်အထိ ရရှိထားသဖြင့် ပြိုင်ဘက် လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်နှင့် ချယ်လ်ဆီးအသင်းနည်းပြဟောင်း လမ်းပတ်တို့က ဝေဖန်ပြောကြားခဲ့ဖူးသည်။

သို့ဖြစ်ရာ ဆိုးလ်ရှားက ”ဒါက ပယ်နယ်တီပါ။ ကျွန်တော်တို့ ပယ်နယ်တီရတာနဲ့ပတ်သက်ပြီး ဆူညံသံတွေထွက်လာပြီးနောက်မှာ ပယ်နယ်တီတွေမရတော့တာကို ကျွန်တော် နည်းနည်းစိုးရိမ်ပါတယ်။ ဒိုင်လူကြီးတွေကို လွှမ်းမိုးချင်တဲ့ မန်နေဂျာတွေလည်းရှိပါတယ်။ ဒိုင်တွေအနေနဲ့ အဲဒီလို လွှမ်းမိုးမှုခံမှာမဟုတ်ဘူးဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်အတွက်တော့ အရမ်းအံ့သြမိပါတယ်”ဟု တုံ့ပြန်ပြောကြားသည်။

ထို့ပြင် ချယ်လ်ဆီးအသင်းဝက်ဘ်ဆိုက်ကလည်း ယခင်တစ်ပတ်က နယူးကာဆယ်နှင့်ပွဲတွင် မက်ဂွိုင်းရားနှင့် လက်ဆဲလ်တို့၏ အငြင်းပွားမှုဖြစ်ရပ်ကြောင့် မက်ဂွိုင်းရားအား တနင်္ဂနွေနေ့တွင် ဂရုစိုက်ရမည်ဖြစ်ကြောင်း ရေးသားထားရာ ဆိုးလ်ရှားက ”ဒါတွေအားလုံးက ပြင်ပက လွှမ်းမိုးမှုတွေပါ။ ပွဲမတိုင်ခင်ကတည်းက ဟာရီအကြောင်း ပြောနေတာပါ။ သူတို့ဝက်ဘ်ဆိုက်မှာ အဲဒီလိုတင်ထားတာ တကယ်ဆိုးပါတယ်။ ဒါကလည်း ဒိုင်တွေအပေါ် လွှမ်းမိုးတာပါပဲ”ဟု ပြောကြားသည်။

မန်ယူအသင်းသည် ယခုရာသီတွင် Big Six ပြိုင်ဘက်များနှင့် ခုနစ်ပွဲတွေ့ဆုံရာတွင် တစ်ပွဲမျှ အနိုင်မရသေးသလို တစ်ဂိုးသာ သွင်းယူထားနိုင်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular