spot_img

လက်စတာ နဲ့ သရေပွဲက ပထမချေပဂိုး အတွက် ယူနိုက်တက် ကစားသမား တစ်ဦးကို အပြစ်တင်ခဲ့တဲ့ ပေါလ်စခိုး

မန်ချက် စတာ ယူနိုက်တက် အသင်းရဲ့ ကစား သမား တစ်ဦး ဟာ လက်စတာ စီးတီး အသင်း နဲ့ သရေ ကျခဲ့တဲ့ ပွဲက ပထမ ချေပဂိုး မှာ အဓိက တာဝန် ရှိခဲ့တယ် လို့ ပေါလ်စခိုး က ဝေဖန် ပြောဆို သွားခဲ့ ပါတယ် ။ အိုလီ ဂန်နာ ဆိုးရှား ရဲ့ အသင်း ဟာ စနေနေ့ ညက ဘောက်ဆင် ဒေး ပွဲစဉ် အဖြစ် လက်စတာ စီးတီး ကို အဝေးကွင်း မှာ သွားရောက် ယှဉ်ပြိုင် ခဲ့ပြီး ၂ ကြိမ်တိုင် ဦးဆောင် နိုင်ခဲ့ ပေမယ့် ချေပဂိုးတွေ ပြန်လည် ပေးခဲ့ ရပြီး သရေ ပွဲ အဖြစ်နဲ့သာ အဆုံးသတ်ခဲ့ ရ ပါတယ် ။

ဒါကြောင့် ယူနိုက်တက် ဟာ လက်စတာ ကို ကျော်ပြီး အဆင့် ၂ နေရာကို တက်လှမ်း နိုင်မယ့် အခွင့်အရေး ကို လက်လွှတ် ခဲ့ရသလို ထိပ်ဆုံးက လီဗာပူး အသင်း နဲ့ လည်း အမှတ် ပိုကွာဟ သွားဖို့ အကြောင်း ဖန်လာ ခဲ့ ပါတယ် ။

myan789

ယူနိုက်တက် ဟာ တိုက်စစ်မှူး ရက်ဖိုဒ့် ၊ ကွင်းလယ်လူ ဖာနန်ဒက်စ် တို့ရဲ့ ဂိုးတွေ နဲ့ ပွဲကို ၂ ကြိမ်တိုင် ဦးဆောင် နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ဟာဗေး ဘန်းစ် နဲ့ ဂျေမီ ဗာဒီ တို့က ပွဲချိန် တစ်ပိုင်း စီမှာ ၁ ဂိုးစီ ပြန်လည် ချေပပြီး သရေရလဒ် ကို ယူဆောင် သွားခဲ့ပါတယ် ။

အဆိုပါ ပွဲ ကို ကင်းပါဝါ ကွင်းထဲ အထိ သွားရောက်ပြီး Sky Sports အတွက် သုံးသပ် တင်ဆက်ပေး ခဲ့တဲ့ ယူနိုက်တက် ကွင်းလယ်လူဟောင်း ပေါလ်စခိုး ကတော့ ဟာဗေး ဘန်းစ် ဧရိယာ ထိပ်ကနေ မကန်သွင်း မီ မှာ လက်စတာ ကွင်းလယ်လူ အနား ကို မကပ် နိုင်ခဲ့တဲ့ မန်ချက် စတာ ယူနိုက်တက် ကွင်းလယ်လူ စကော့ မက်တော်မီနေး ကို ဝေဖန် ပြောဆို သွားခဲ့ ပါတယ် ။

“တော်မီနေး က Social Distance စည်းကမ်း ကို လိုက်နာခဲ့ ပါတယ် ။ ဒီ ကန်ချက် မထွက်လာအောင် တားဆီး ရမှာက သူ့တာဝန် ပါ ။ ဒီဂီယာ က ဘန်းစ် ကန်လိုက်တာ ကို သေချာ မြင်ခဲ့ ပုံ မရပါဘူး ။ ဒါကြောင့် သူ့ကို အပြစ်ဖို့ နေတာ က မမျှတ ဘူးလို့ ထင်ပါတယ်” လို့ ပေါလ် စခိုး က ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ပရိသတ် တွေ ကတော့ ဒီ ချေပဂိုး မှာ အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွဲယား နဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ် တို့ က အဓိက တရားခံ တွေ လို့ သတ်မှတ် ခဲ့ကြ ပါတယ် ။ မက်ဂွဲယား ဟာ ဟန်ချက် ပျက်ပြီး ဘောလုံး ကို ထိထိ မိမိ မကန်ထုတ် နိုင်ခဲ့ဘဲ ဖာနန်ဒက်စ် ရဲ့ ဘောလုံးပေးပို့မှု မအောင်မြင် ရာကနေ ဒီဂိုး အစပြု ခဲ့တာ ဖြစ် ပါတယ် ။

ပရိသတ် တစ်ဦး ကတော့ “ဒါက Own Goal တစ်ဂိုး ပါပဲ ၊ ဖာနန်ဒက်စ် က ကပျက် ကချော် ပေးလိုက်တယ် ၊ တော်မီနေ နဲ့ ဘိုင်လီ တို့ က ကပျက်ကချော် ကာကွယ် တယ် ၊ တကယ် စိတ်ပျက်ဖို့ ကောင်းပါတယ်” လို့ ဝေဖန် ရေးသားခဲ့ ပါတယ် ။ ပရိသတ် အတော်များများ က မက်ဂွဲယား ဟာ ပေါင်သန်း ၈၀ တန်တဲ့ ကစားသမား မဟုတ်ဘူး လို့ ပြောဆို ခဲ့ကြ ပါတယ် ။

ပရိသတ် တစ်ဦး ကတော့ ပေါလ်စခိုး နဲ့ အမြင် တူခဲ့ပြီး “လက်စတာ ရဲ့ ဂိုးအတွက် ဒီဂီယာ ကို အပြစ် မတင်သင့် ဘူးလို့ ငါထင် ပါတယ် ။ ဖာနန်ဒက်စ် က အန္တရာယ် ရှိတဲ့ နေရာမှာ သေချာ ဂရုမစိုက်ခဲ့ဘူး ၊ ပြီးတော့ မက် တော်မီနေး အနေနဲ့လည်း ဘန်းစ် အနားကို ပိုကပ် နိုင်ခဲ့ သင့်တယ်လို့ ထင်ပါတယ်” လို့ ရေးသားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ နှစ်သစ်ကူး ကာလ မှာတော့ ဝုဗာဟမ်တမ် အသင်း ကို အိမ်ကွင်း အိုးထရက်ဖိုဒ့် မှာ လက်ခံ ကစား သွားရမှာပဲ ဖြစ် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular