spot_img

ရှုံးထွက်ပွဲစဉ်များ တစ်ကျော့တည်းကစားသည့်ပုံစံကို အနာဂတ်တွင်စဉ်းစားမည်ဟု ဆယ်ဖာရင် ပြောကြား

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဥက္ကဋ္ဌ ဆယ်ဖာရင်က ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ရှုံးထွက်ပွဲစဉ်များအား တစ်ကျော့တည်းစနစ်ဖြင့် ကစားသည့်ပုံစံကို အနာဂတ်တွင်စဉ်းစားသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။

ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များကို ပုံမှန်အားဖြင့် နှစ်ကျော့ယှဉ်ပြိုင်ကစားရသော်လည်း ယခုနှစ်တွင် COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကွာတားဖိုင်နယ်မှ ဗိုလ်လုပွဲအထိကို ကြားနိုင်ငံတစ်ခု၌ ‘Final 8’ ပုံစံပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်သည်။

myan789

ချန်ပီယံလိဂ်ပြိုင်ပွဲကို ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့၌ သြဂုတ် ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲကို ဂျာမနီနိုင်ငံ ကိုလုံး၊ ဒစ်ဆယ်ဒေါ့ဖ်၊ ဒုစ်ဘတ်နှင့် ဂျယ်လ်ဆန်ဟေးချန်မြို့များ၌ သြဂုတ် ၁၀ ရက်မှ ၂၁ ရက်အထိ ပရိသတ်မပါဘဲ ကွင်းပိတ်ကျင်းပခဲ့သည်။

UEFA အနေဖြင့် ယင်းပြိုင်ပွဲနှစ်ခုစလုံးကို အောင်မြင်စွာကျင်းပနိုင်ခဲ့သောကြောင့် အနာဂတ်တွင် အလားတူပုံစံမျိုးကျင်းပရန် စဉ်းစားမည်ဖြစ်ကြောင်း ဆယ်ဖာရင်က ပြောကြားခြင်းဖြစ်သည်။

”ဒီလိုဖြစ်လာအောင် အင်နဲ့အားနဲ့ လုပ်ခဲ့ရတာပါ။ ဒါပေမဲ့ အဆုံး သတ်ချိန်မှာ တစ်စုံတစ်ခုအသစ်ဖြစ်သွားတယ်ဆိုတာ ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ဒီကိစ္စကို အနာဂတ်မှာ ထည့်သွင်းစဉ်းစားသွားမယ်ဆိုတာ သေချာပါတယ်။ တစ်ပွဲတည်းကစားရတဲ့အခါ တစ်သင်းက ဂိုးသွင်းလိုက်ရင် တခြားအသင်းကလည်း အတတ်နိုင်ဆုံးဂိုးသွင်းဖို့ ကြိုးစားရတာပေါ့။ တကယ်လို့ နှစ်ကျော့စနစ်သာဆိုရင် နောက်တစ်ပွဲမှာ ပြန်အနိုင်ရဖို့ အခွင့်အရေးရှိနေပါသေးတယ်။ ဒါပေမဲ့ ပွဲတွေနည်းသွားတဲ့အတွက် ရုပ်သံထုတ်လွှင့်မှုကိစ္စစတဲ့ အချက်အလက်တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်”ဟု ဆယ်ဖာရင်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီ Reuters သတင်းဌာနသို့ ပြောကြားသည်။

သို့သော် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲ ရှုံးထွက်အဆင့်ပွဲစဉ်များအား နှစ်ကျော့စနစ်ဖြင့်ကျင်းပမှုကို ၂၀၂၄-၂၀၂၅ ရာသီအထိ ပြောင်းလဲနိုင်ဦးမည်မဟုတ်ဘဲ လက်ရှိပုံစံအတိုင်းသာ ဆက်လက်ကျင်းပရမည်ဖြစ်သည်။

၂၀၂၅ ခုနှစ်နောက်ပိုင်း ကျင်းပမည့်ပြိုင်ပွဲများတွင် အပြောင်းအလဲပြုလုပ်ခြင်းရှိမရှိကို လာမည့်စက်တင်ဘာ၊ အောက်တိုဘာတွင် ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular