spot_img

ရှက်ဖီးယူနိုက်တက်နှင့်ကစားမည့်ပွဲတွင် ရပ်ရှ်ဖို့ဒ် ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း ဆိုးလ်ရှား ပြောကြား

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် ရှက်ဖီးယူနိုက်တက်အသင်းနှင့် ကစားမည့်ပွဲတွင် ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် (၂၃)နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် ဇန်နဝါရီ (၂၄)ရက်က ကစားခဲ့သည့် FA ဖလားစတုတ္ထအဆင့်ပွဲစဉ် မန်ယူ (၃-၂) လီဗာပူးလ်ပွဲတွင် ဒူးဒဏ်ရာ ရရှိခဲ့သည်။

myan789

သို့သော် ရပ်ရှ်ဖို့ဒ်၏ ဒဏ်ရာမှာ ပြင်းထန်ခြင်းမရှိဘဲ ယနေ့(အင်္ဂါနေ့)နံနက်ပိုင်းက ပြုလုပ်သည့် အသင်း၏လေ့ကျင့်ရေးအစီအစဉ်တွင် ပါဝင်နိုင်ခဲ့ကြောင်း သိရသည်။

ဆိုးလ်ရှားက “ရှက်ဖီးယူနိုက်တက်နဲ့ ကစားမယ့်ပွဲမှာ ရပ်ရှ်ဖို့ဒ် ပါဝင်ကစားနိုင်မှာ ဖြစ်ပါတယ်။ သူဟာ ဒီနေ့နံနက်ပြုလုပ်တဲ့ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ အစအဆုံးပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ရှက်ဖီးယူနိုက်တက်နဲ့ ကစားမယ့် အသင်းလူစာရင်းမှာ ပါဝင်လာမှာပါ။ သူဟာ လီဗာပူးလ်နဲ့ပွဲမှာ ဒူးဒဏ်ရာရရှိခဲ့ပေမဲ့ အခု ဒဏ်ရာက ပြန်လည်သက်သာပါပြီ”ဟု ရှက်ဖီးယူနိုက်တက်နှင့်ပွဲအတွက် ပြုလုပ်သည့် ပွဲကြိုမီဒီယာတွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၀)အဖြစ် ဇန်နဝါရီလ (၂၆)ရက်တွင် ရှက်ဖီးယူနိုက်တက်အသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်၌ လက်ခံကစားရမည်ဖြစ်သည်။

ရပ်ရှ်ဖို့ဒ်သည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၃၁)ပွဲတွင် (၁၅)ဂိုး သွင်းယူပေးထားပြီး ခြေစွမ်းပြကစားနေသူဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular