spot_img

ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ(၁၅)ပွဲကစားပြီးချိန်တွင် (၁၄)ဂိုး သွင်းယူပြီး ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် ဘယ်လင်ဟမ် စံချိန်တင်

ရီးယဲလ်အသင်းမှ အင်္ဂလန် ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် ပြိုင်ပွဲစုံ(၁၅)ပွဲ ကစားပြီး ချိန်တွင် (၁၄)ဂိုးသွင်းယူပြီး ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။

ဘယ်လင်ဟမ်(၂၀ နှစ်)သည် ပြီးခဲ့သည့်နွေရာသီကမှ ရီးယဲလ်အသင်းသို့ ရောက်ရှိခဲ့သူဖြစ်ပြီး အသင်းတွင် အဓိကကစားသမားအဖြစ် ခြေ စွမ်းပြနိုင်ခဲ့သူဖြစ်သည်။ ဘယ်လင်ဟမ်သည် ရီးယဲလ်အသင်းအတွက် လာလီဂါ(၁၂)ပွဲ၌ (၁၁)ဂိုး သွင်းယူနိုင်ခဲ့သလို၊ ချန်ပီယံလိဂ်(၃)ပွဲတွင် (၃)ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ 

myan789

ထို့ ကြောင့် ရီးယဲလ်အသင်း၏ ဂန္ထဝင်ကစားသမားများဖြစ်သော စီရော်နယ်လ်ဒိုနှင့် ဒီစတီဖာနိုတို့၏ စံချိန်ကို ကျော်ဖြတ်ကာ ပထမဆုံး(၁၅)ပွဲကစားပြီးချိန်တွင် ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။ စီရော်နယ်လ်ဒိုနှင့် ဒီစတီဖာနိုတို့သည် ရီးယဲလ်အသင်းအတွက် ပထမဆုံး (၁၅)ပွဲ ယှဉ်ပြိုင်ခဲ့ရာ၌ (၁၃)ဂိုးစီ သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဘယ်လင်ဟမ်က တစ်ဂိုးအသာဖြင့် ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။ 

ရီးယဲလ်အသင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် နာမည်ကျော်တိုက်စစ်ကစားသမားများအနက် ပထမဆုံး(၁၅)ပွဲတွင် ၎င်းတို့၏နောက် ဂိုးအများဆုံးသွင်းယူနိုင်ခဲ့သူများမှာ ပွတ်ရှ်ကပ်စ်(၁၁ ဂိုး)၊ ရာအူးလ်(၇ ဂိုး)၊ ဟူဂိုဆန်းချက်ဇ်(၇ ဂိုး)၊ ဘန်ဇီ မာ(၅ ဂိုး)တို့ဖြစ်ကြောင်း သိရသည်။ 

ဘယ်လင်ဟမ်သည် ပွဲကစားချိန် (၁၂၉၄)မိနစ်တွင် (၁၄)ဂိုး သွင်းယူနိုင်ခဲ့ခြင်းကြောင့် (၉၂)မိနစ်လျှင် တစ်ဂိုးနှုန်း သွင်းယူနိုင်ခြင်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular