ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်၏ စျေးကွက်တန်ကြေးမှာ တစ်နှစ်အတွင်း အဆမတန်မြင့်တက်ခဲ့ကြောင်း Transfermarkt က ဖော်ပြခဲ့သည်။
ဗင်နီစီယပ်စ်၏ စျေးကွက်တန်ကြေးမှာ ပြီးခဲ့သည့် ၂၀၂၁ အောက်တိုဘာလက ယူရို သန်း (၅၀) သာရှိခဲ့သော်လည်း လက်ရှိတွင် ၎င်း၏စျေးကွက်တန်ကြေးမှာ ယူရို သန်း (၁၂၀) ဖြစ်ကြောင်း သိရသည်။
ဗင်နီစီယပ်စ်အနေဖြင့် ခြေစွမ်းတိုးတက်လာခြင်းကြောင့် ယခုကဲ့သို့ စျေးကွက်တန်ကြေးမြင့်တက်လာခြင်းဖြစ်ပြီး ဘာပေ (ယူရိုသန်း ၁၆၀)၊ ဟော်လန်း (ယူရိုသန်း ၁၅၀) ပြီးနောက် စျေးကွက်တန်ကြေး အမြင့်ဆုံံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။