ရိုးမားအသင်း နည်းပြသစ် မော်ရင်ဟိုသည် လေ့ကျင့်ရေးကွင်းတွင် ဒရုန်းများလွှတ်တင်ထားပြီး ကွင်းနံဘေးရှိ ရုပ်သံဖန်သားပြင်မှ ပြန်လည်ပြသသည့်စနစ်ကို စတင်အသုံးပြုလျက်ရှိကြောင်း သိရသည်။
Trigoria လေ့ကျင့်ရေးကွင်း၌ နည်းပညာအသစ်များ စတင်အသုံးပြုလျက်ရှိကြောင်း ရိုးမားအသင်းက တနင်္ဂနွေနေ့တွင် Twitter မှတစ်ဆင့် အသိပေးထုတ်ပြန်ခဲ့ပြီး ဒရုန်းများကို အဝေးထိန်းခလုတ်ဖြင့် ထိန်းချုပ်၍ ယင်းမှတစ်ဆင့်ရရှိသည့် ဗွီဒီယိုမှတ်တမ်းကို ကွင်းနံဘေးရှိ ရုပ်သံဖန်သားပြင်၌ ပြသထားကြောင်း သိရသည်။
🟨✨🟥
— AS Roma English (@ASRomaEN) July 18, 2021
A few upgrades and changes at Trigoria this summer, to help with training…
#ASRoma
pic.twitter.com/x6GJdUzvUv
ယင်းကဲ့သို့ပြုလုပ်ခြင်းမှာ ကစားသမားများ အမှားပြုလုပ်မိပါက ချက်ချင်းသိနိုင်ရန်နှင့် ရုပ်သံမှတ်တမ်းဖြင့် ရှင်းလင်းပြသ၍ အလျင်အမြန် ပြင်ဆင်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
မော်ရင်ဟိုသည် ရိုးမားအသင်းနှင့် (၃) နှစ် စာချုပ်ချုပ်ဆိုထားပြီး ရာသီကြိုခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားရာ စီးရီးဒီကလပ် မွန်တီကာတီနီအသင်းကို (၁၀-၀) ဂိုး၊ စီးရီးဘီသို့ တန်းတက်ခွင့်ရထားသည့် တာနာနာအသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရထားသည်။