ကြွက်သားဒဏ်ရာကြောင့် အနားယူနေရသည့် ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားသည် ရိုးမားအသင်းနှင့်ပွဲတွင် ပါဝင်ကစားနိုင်ရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။
ဒီဘားလားသည် စက်တင်ဘာ (၂၆)ရက်က ကစားခဲ့သည့် စီးရီးအေပွဲစဉ် ဂျူဗင်တပ်စ် (၃-၂) ဆမ်ဒိုးရီးယားပွဲတွင် ကြွက်သားဒဏ်ရာ ရရှိခဲ့ပြီး ချယ်လ်ဆီး၊ တိုရီနိုတို့နှင့် ကစားခဲ့သည့် ဂျူဗင်တပ်စ် အသင်း၏ပွဲစဉ်များကို လွဲချော်ခဲ့သည်။
ထို့ပြင် ဒီဘားလားသည် အဆိုပါဒဏ်ရာကြောင့် ၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ကစားမည့် အာဂျင်တီးနားအသင်း၏လူစာရင်းတွင် ပါဝင်ခဲ့ခြင်း မရှိပေ။
သို့သော် ဒီဘားလားသည် အောက်တိုဘာ (၆)ရက်တွင် တစ်ဦးတည်း လေ့ကျင့်ခန်းများပြန်လည်ပြုလုပ်နေပြီဖြစ်ပြီး အောက်တိုဘာ (၁၇)ရက်တွင် ကစားမည့် ရိုးမားအသင်းနှင့်စီး ရီးအေအိ်မ်ကွင်းပွဲတွင် ပါဝင်နိုင်ဖွယ်ရှိနေကြောင်း သိရှိရသည်။