ရိုနယ်ဒို လုယူခံလိုက်ရတဲ့ ဆုတစ်ခု

ခရစ္စတီယာနို ရိုနယ်ဒို ကို အားလုံး သိကြပါတယ် ။ ဘောလုံး အားကစား သမိုင်းမှာ နိုင်လိုစိတ် အပြင်းထန်ဆုံး တွေထဲက တစ်ယောက် ဖြစ်သလို အမြဲတမ်း အောင်ပွဲကို လိုလား တောင့်တတဲ့ စိတ်နဲ့ အကောင်းဆုံး ဖြစ်အောင် အစဉ် ကြိုးစား နေတဲ့ သူ ဆိုရင် ရိုနယ်ဒို ကို ပထမဆုံး ပြေးမြင် မိကြ မှာပါ ။ အသင်းအတွက် ၊ ကိုယ့်အတွက် အကောင်းဆုံး အရာတွေ ကို ကိုယ်တိုင် ရယူဖို့ စိတ်ဆန္ဒ ပြင်းပြပြီး ယုံကြည်မှု အပြည့် ရှိတာ ကြောင့်လည်း ရိုနယ်ဒို ဟာ အရာရာ ကို လုယူဖို့ ကြိုးစားသူ တစ်ယောက် လို့ သတ်မှတ် ခံခဲ့ရ ပါတယ် ။

ဂိုးတွေ ကို ကိုယ်တိုင် သွင်းချင်တယ် ၊ ပင်နယ်တီ တွေ ဖရီးကစ်တွေ ကို ကန်ချင်တယ် ၊ ဆုမှန်သမျှ ကိုလည်း သူပဲ ရချင်တယ် ဆိုပြီး ပေါ်တူဂီ တိုက်စစ်မှုးကြီး အပေါ် ဝေဖန် ပြောဆိုမှုတွေ ရှိခဲ့ကြ ပါတယ် ။ ရိုနယ်ဒို ကိုယ်တိုင် လည်း ဒါတွေကို မသိစိတ် ကနေ လှုံ့ဆော်လို့ပဲ ဖြစ်ဖြစ် ရည်ရွယ်ချက် ရှိရှိ နဲ့ပဲ ဖြစ်ဖြစ် လုပ်ဆောင် ခဲ့တဲ့ အခိုက်အတန့်တွေ ရှိခဲ့ ဖူးတာကြောင့် ဒီပြောဆိုမှုတွေ ဟာ လွန်ကျူးတယ် လို့ မသတ်မှတ် နိုင်ခဲ့ ပါဘူး ။

myan789

ဒီ တစ်ခါမှာတော့ ရိုနယ်ဒို တစ်ယောက် သူနဲ့ ထိုက်တန်တဲ့ အရာ တစ်ခုကို လုယူ ခံခဲ့ရ ပါတယ် ။ အဲ့ဒါက တော့ စီးရီးအေ ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစား သမားဆု ဖြစ်တဲ့ ( Most Valuable Player – MVP ) ဆုပါပဲ ။ ဒီဆု ကို မနှစ်က ရိုနယ်ဒို ရခဲ့ပြီး ဒီနှစ် မှာတော့ ယူဗင်တပ် အသင်းဖော် ပေါ်လို ဒိုင်ဘားလား က ဆွတ်ခူး သွားခဲ့ ပါတယ် ။

အမှန် အတိုင်း ပြောရရင် ရိုနယ်ဒို ဟာ မနှစ်က ထက် ဒီနှစ် မှာ ဒီ MVP ဆု နဲ့ ပိုထိုက်တန် ခဲ့ ပါတယ် ။ ဘာကြောင့်လည်း ဆိုတော့ ရိုနယ်ဒို ဟာ အီတလီ မြေပေါ်က ဒုတိယ မြောက် ရာသီမှာ အရင်ရာသီက ထက် ပိုကောင်းတဲ့ စွမ်းဆောင်မှုတွေ ကို ပြသနိုင်ခဲ့ လို့ပါပဲ ။ ရွှေဖိနပ်ဆု မှာ အင်မိုဘီလီ ကို အရှုံးပေး ခဲ့ရတာက လွဲရင် ကျန်တဲ့ နေရာတွေ မှာ ရိုနယ်ဒို ဟာ အခြား ကစား သမားတွေ ထက် သိသိသာသာ ပိုမို ကောင်းမွန် အောင် စွမ်းဆောင် ထားနိုင် ခဲ့ ပါတယ် ။

မနှစ် က ထက် အသက် ၁ နှစ် ပိုကြီးလာတဲ့ ၃၅ နှစ် အရွယ်မှာ အသင်း အတွက် လိဂ်ပွဲ ၃၃ ပွဲ ကစားပြီး ၃၁ ဂိုး သွင်းခဲ့တယ် ( မနှစ်က ပြိုင်ပွဲအစုံမှ ၂၈ ဂိုး သွင်းခဲ့တာပါ ) ၊ ဒီရာသီ စီးရီးအေ ရဲ့ Man of the Match အရေ အတွက် အများဆုံးလည်း ဖြစ်ခဲ့တယ် ၊ စီးရီးအေ သမိုင်းမှာ ဂိုး ၅၀ ကို ပွဲအမြန်ဆုံး ပြည့်တဲ့ ကစား သမားလည်း ဖြစ်လာခဲ့တယ် ၊ ပျမ်းမျှ Rating အကောင်းဆုံး လည်း ဖြစ်ခဲ့တယ် ။ ဥရောပမှာ ဆိုရင် မက်ဆီ ၊ ဒီဘရိုင်း နဲ့ လီဝန်ဒေါ့စကီး တို့ပဲ ရိုနယ်ဒို ထက် ပိုပြီး Rating ကောင်းခဲ့ပါတယ် ။

ယူဗင်တပ် သမိုင်းမှာ စီးရီးအေ ၁၀ ပွဲ ဆက်တိုက် ဂိုးသွင်းတဲ့ ပထမဆုံး ကစား သမား ဖြစ်လာခဲ့တယ် ၊ ယူဗင်တပ် ရဲ့ နိုင်ပွဲတွေထဲက ၁၂ ပွဲ ဟာ ရိုနယ်ဒို ရဲ့ ဂိုးတွေကြောင့် ဖြစ်လာခဲ့တယ် ၊ စီးရီးအေ လာလီဂါ နဲ့ ပရီးမီးယားလိဂ် တို့မှာ ဂိုး ၅၀ နဲ့ အထက် သွင်းနိုင်တဲ့ ပထမဆုံး ကစား သမား အဖြစ်လည်း မှတ်တမ်း ဝင်နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် အသင်းဖော် ပေါ်လို ဒိုင်ဘားလား က တစ်ရာသီ အတွက် အကောင်းဆုံး ကစား သမား ဆုကို ဆွတ်ခူး သွားခဲ့ ပါတယ် ။

ရိုနယ်ဒို အပေါ် မုဒိတာ မပွား နိုင်သူတွေ ကတော့ ၂၀၁၅ ခုနှစ် တုန်းက ရီဘာရီ ဆီကနေ ရွှေဘောလုံး ဆုကို လုယူ သွားခဲ့တဲ့ အတွက် ဝဋ်ပြန်လည် တာလို့ ပြောချင် ပြောကြမှာပါ ။ ဒါပေမယ့် ရိုနယ်ဒို ကတော့ ရိုနယ်ဒို အဖြစ် ဆက်ရှိ နေပြီး အောင်မြင်မှုတွေ နောက်ကို ဆက်ပြီး ကြိုးစား နေဦး မှာပါပဲ . . .

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular