spot_img

ရိုနယ်ဒို တုန်းကလို အမှားမျိုး ထပ်မလုပ်မိ စေဖို့ ရီးရဲမက်ဒရစ်ကို သတိပေးလိုက်တဲ့ ဗယ်ဒါနို

ရီးရဲ မက်ဒရစ် အသင်းရဲ့ ကစား သမား နဲ့ နည်းပြဟောင်း ဖြစ်တဲ့ ဗယ်ဒါနို က သူ့ရဲ့ အသင်းဟောင်း အနေနဲ့ ဆာဂျီယို ရာမိုစ့် နဲ့ စာချုပ် သက်တမ်းတိုးရေး ကိစ္စ ကို သေသေ ချာချာ ဂရုစိုက် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း နဲ့ ခရစ္စတီယာနို ရိုနယ်ဒို ထွက်ခွာ သွားခဲ့စဉ် တုန်းကလို နောင်တ ရမှုမျိုး မဖြစ်ရအောင် ပြင်ဆင် ထားသင့်တယ် လို့ အကြံပြု ပြောဆို သွားခဲ့ ပါတယ် ။ ရာမိုစ့် ဟာ ၂၀၂၁ နွေရာသီ မှာ အသင်း နဲ့ စာချုပ် ကုန်ဆုံး တော့မှာပဲ ဖြစ် ပါတယ် ။

ရာမိုစ့် ဟာ ရီးရဲ မှာ ဆက်ကစားဖို့ ဆန္ဒ ရှိနေ ပေမယ့် လက်ရှိ ရရှိ နေတဲ့ လုပ်ခ ကိုတော့ လျော့ယူလိုခြင်း မရှိ ဖြစ်နေ ခဲ့ ပါတယ် ။ ကလပ် အသင်း ဘက်ကလည်း ကိုဗစ် ကပ်ဘေး ကြောင့် ဘဏ္ဍာရေး ထိခိုက် နေချိန်မှာ မြင့်မားတဲ့ လုပ်ခ လစာတွေ ပေးချေ နေရမှု ကို တတ်နိုင်သလောက် လျော့ချဖို့ စီစဉ် နေတာကြောင့် အခုလို မညှိနှိုင်း နိုင်ဘဲ ကြန့်ကြာ နေခဲ့ ရပါတယ် ။

myan789

ရီးရဲ မှာ နည်းပြ ခဲ့ဖူးတဲ့ ဂျော့ဗယ်ဒါနို ကတော့ ရာမိုစ့် ဟာ စာချုပ် သက်တမ်းတိုး မှာ ဖြစ်ပြီး ရီးရဲ ဘက်ကသာ ၂ ဦး ၂ ဖက် အဆင်ပြေ နိုင်အောင် ဆွေးနွေး ဖို့ လိုအပ်တယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။ အကယ်၍ လက်ရှိ အချိန်မှာသာ ရာမိုစ့် ကို ရီးရဲ တို့ လက်လွှတ် ခဲ့ပါက ၂၀၁၈ တုန်းက ရိုနယ်ဒို ထွက်သွားစဉ်က လိုမျိုး အဖြစ် တွေနဲ့ ကြုံရနိုင်ကြောင်း သတိပေး ပြောဆို သွားခဲ့ ပါတယ် ။

“အခုချိန် မှာ ဘာတွေပဲ ဖြစ်နေဖြစ်နေ နောက်ဆုံး မှာတော့ ရာမိုစ့် စာချုပ်သစ် မှာ လက်မှတ် ထိုးပါ လိမ့်မယ် ။ တကယ်လို့ မဖြစ်လာဘူး ၊ လမ်းခွဲ သွားမယ် ဆိုရင်တော့ ၂ ဖက် စလုံး နစ်နာ ကြမှာပါ ။ ရာမိုစ့် အသင်းက ထွက်သွားရင်း ခရစ္စတီယာနို ရီးရဲ ကနေ ထွက်သွား ခဲ့တုန်းကလိုမျိုး အဖြစ် နဲ့ ကြုံရ မှာပါ”

“အဲ့နှစ် မှာ ရီးရဲ လည်း ချန်ပီယံ လိဂ် မရခဲ့ သလို ရိုနယ်ဒို လည်း ရွှေဘောလုံး ဆုံးခဲ့ ပါတယ် ။ ဒီ အမှားမျိုး သူတို့ နောက်တစ်ခါ ထပ်မမှား သင့်တော့ ပါဘူး” လို့ ဂျော့ဗယ်ဒါနို က ပြောဆို သွားခဲ့ ပါတယ် ။ ရီးရဲ ဟာ အသင်းမှာ ၉ နှစ်ကြာ ကစားပြီး ဂိုးပေါင်း ရာချီ သွင်းခဲ့တဲ့ ရိုနယ်ဒို ရဲ့ ကွက်လပ် ကို ဒီကနေ့ အထိ မဖြည့်နိုင် ဖြစ်ခဲ့ ပါတယ် ။

ရီးရဲ မက်ဒရစ် ဟာ ဘိုင်ယန် နဲ့ ရာသီ အကုန်မှာ စာချုပ်ပြည့်ပြီး အလွတ် နဲ့ ထွက်ခွာ လာမယ့် ဝါရင့် နောက်ခံလူ ဒေးဗစ် အလာဘာ ကို ခေါ်ယူဖို့ ချိတ်ဆက် နေကာ အခြား အသင်းတွေ ထက် အလေးသာနေတယ် လို့ သတင်း ကြားသိရ ပါတယ် ။ ဒါဟာ လည်း ရီးရဲ နဲ့ ရာမိုစ့် တို့ရဲ့ စာချုပ် ကိစ္စ မှာ ဝင်ရောက် စွက်ဖက်မှု ရှိနေတယ် လို့ သုံးသပ်ထားတာတွေ ရှိနေခဲ့ ပါတယ် ။

အလာဘာ ဟာ သူ့ရဲ့ ဂုဏ်သတင်း ကျောဇောမှု ၊ ကမ္ဘာ့ အဆင့် နောက်ခံလူ ဖြစ်မှုတွေ ကြောင့် လုပ်ခ လစာကို လျော့ယူဖို့ ဆန္ဒ မရှိဘဲ ရာမိုစ့် တို့ နဲ့ တန်းတူ ရရှိလိုတာ ကြောင့် သက်ကြီး ကစား သမား ၂ ဦး အတွက် ငွေကြေး ကုန်ကျမှု များစွာ ဖြစ်လာ မှာကို ကလပ် အသင်းဘက်က တွက်ဆ နေပုံ ရနေပါတယ် ။

ကိုဗစ် ကပ်ဘေး ဟာ ကလပ်အသင်း အားလုံးရဲ့ စီးပွားရေး ကို အကြီးအကျယ် ထိခိုက် စေခဲ့ပြီး ဝင်ငွေ သန်းပေါင်း များစွာ ဆုံးရှုံးနစ်နာ စေခဲ့ ပါတယ် ။ လက်ရှိ အချိန် အထိ အဆိုပါ ကပ်ဘေး ရဲ့ အဆုံးသတ် ကို မမြင်ရ သေးဘဲ နောက်တစ်ကြိမ် ကူးစက်မှု မြန်ဆန် လာမှုကြောင့် ကစားပွဲတွေ ပြန်လည် ရပ်နား ရမယ့် အရေးနဲ့ ပင် ရင်ဆိုင် နေရပြီ ဖြစ် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular