ရိုနယ်ဒို စီးရီးအေ ကို ပြောင်းရွှေ့ သွားပြီး ကတည်းက ၉ နှစ်ကြာ မြင်တွေ့ လာခဲ့ ရတဲ့ မက်ဆီ – ရိုနယ်ဒို ထိပ်တိုက် ရင်ဆိုင်ပွဲတွေ ဟာ အဆုံးသတ် သွားခဲ့ ပါတယ် ။ El Clasico တွေဟာ အရင်ကလောက် ရသ မမြောက် ၊ စိတ်လှုပ်ရှား စရာ မကောင်းတော့ သလို လာလီဂါ ဟာလည်း ပရိသတ်လျော့ကျ ခဲ့ရ ပါတယ် ။ ဘောလုံး ပရိသတ်တွေ ကတော့ သူတို့ ၂ ယောက်ကို တစ်ကွင်းတည်းမှာ ပြန်မြင်ရဖို့ အကြိမ်ကြိမ် ဆုတောင်း နေခဲ့ကြတာပါ ။
ဒီဆုတောင်းတွေဟာ မနှစ်က ဘောလုံးရာသီ တုန်းက ပြန်ပြီး ပြည့်မြောက်ခဲ့ ပါတယ် ။ ယူဗင်တပ် နဲ့ ဘာစီလိုနာ တို့ ဟာ ချန်ပီယံလိဂ် မှာ တစ်အုပ်စုတည်း အတူကျရောက် ခဲ့ပြီး မက်ဆီ နဲ့ ရိုနယ်ဒို တို့ အရင်တုန်းကလို အကျိတ်အနယ် ယှဉ်ပြိုင် ကြရဦးမယ်လို့ မျှော်လင့် ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ မှန်းချက် နဲ့ နှမ်းထွက် မကိုက် ခဲ့ပါဘူး ။
ရိုနယ်ဒို ဟာ ကိုရိုနာ ဗိုင်းရပ်စ် ပိုး တွေ့ရှိသူ နဲ့ ထိတွေ့ မိခဲ့တာကြောင့် ကွာရင်တိုင်း ဝင်ခဲ့ရပြီး ဘာစီလိုနာ နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် ကို လွဲချော် ခဲ့ပါတယ် ။ ဒုတိယ အကျော့မှာတော့ ၂ ယောက်စလုံး ပြန်ပါလာ ခဲ့ကြပေမယ့် ပွဲရလဒ်က အရေးမကြီးတော့ တာကြောင့် အားပြိုင်မှု အစား ချစ်ကြည်ရေးပွဲ တစ်ပွဲ ကစားသလိုသာ မြင်တွေ့ခဲ့ကြရ ပါတယ် ။
ဒီလိုမျိုး ပရိသတ်တွေရဲ့ လိုလားတောင့်တမှုတွေဟာ ဒီနှစ် ရာသီမစတင်ခင် မှာ နောက်ထပ် တစ်ဖန် ပြန်လည် ပေါ်ပေါက် လာခဲ့ပြန်ပါပြီ ။ အဲ့ဒါ ကတော့ ဘာစီလိုနာ ရဲ့ ယိုဟန် ဂမ်ပါ ဖလား ပါပဲ ။ အသင်းရဲ့ ဂန္ထဝင် ဥက္ကဌဟောင်း ယိုဟန်ဂမ်ပါ ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဘာစီလိုနာဟာ နှစ်စဉ် နှစ်တိုင်း ရာသီကြို ပြင်ဆင်မှု အဖြစ် ဂမ်ပါ ဖလားပွဲကို ကစားလေ့ ရှိပါတယ် ။
ဒီဖလားပွဲဟာ ဘာစီလိုနာ နဲ့ ဧည့်သည် အသင်း ၂ သင်းတည်းသာ ပါဝင်တဲ့ ဖိတ်ခေါ် ဖလားပွဲ ဖြစ်ပြီး တစ်ပွဲတည်းသာ ကစားရမှာ ဖြစ်ပါတယ် ။ ဒီနှစ်မှာတော့ ဘာစီလိုနာ ဟာ သူတို့ရဲ့ ဥရောပ စူပါလိဂ် မဟာမိတ်ကြီး ယူဗင်တပ် ကို ဖိတ်ခေါ် ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ အဲ့ဒိ မှာ ရိုနယ်ဒို နဲ့ မက်ဆီ တို့ ပြန်ဆုံဖို့ ဇာတ်လမ်း စတင် ခဲ့တာပါပဲ ။
ဒီပွဲကို လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ကစားသွားမှာပါ ။ ပြဿနာ တစ်ခုတော့ ရှိနေပါတယ် ။ အဲ့ဒါက လက်ရှိ မှာ မက်ဆီ က အသင်းလက်မဲ့ ဖြစ်နေပြီး ဘာစီလိုနာ ကို ပြန်လာဖို့ ၅ နှစ် စာချုပ် နဲ့ သဘောတူထား ပေမယ့် လာလီဂါ ရဲ့ လုပ်ခ လစာစည်းမျဉ်းနဲ့ ကိုက်ညီမှု ရှိအောင် မလုပ်ဆောင်နိုင်သေးဘူး ဆိုရင် မက်ဆီ အပါအဝင် ဒီနှစ် နွေရာသီမှာ ခေါ်ယူထားတဲ့ ဒီပိုင်း ၊ အဲရစ်ဂါစီယာ ၊ အဂွေရို တို့ကို ဘာစီလိုနာ တို့ စာရင်း သွင်းနိုင်မှာ မဟုတ်ပါဘူး ။
ဒါကြောင့် ဘာစီလိုနာ အနေနဲ့ မက်ဆီ နဲ့ ရိုနယ်ဒို တိ့ု ကို ကွင်းထဲမှာ အတူ ပြန်လည် မြင်တွေ့ရဖို့ အတွက် ဆိုရင်တော့ သြဂုတ်လ ၈ ရက်နေ့ မတိုင်ခင်မှာ မက်ဆီ ကို စာရင်းသွင်းထား နိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဒီနှစ် ဂမ်ပါ ဖလား မှာ ထူးခြားမှု အဖြစ် အမျိုးသမီး ဘောလုံးပွဲစဉ်ကိုပါ ထည့်သွင်းထားပြီး ဘာစီလိုနာ နဲ့ ယူဗင်တပ် တို့ဟာ သြဂုတ် ၈ ရက်နေ့မှာ အမျိုးသား တစ်ပွဲ ၊ အမျိုးသမီး တစ်ပွဲ ကစားသွားကြမှာ ဖြစ်ပါတယ် ။
မက်ဆီ နဲ့ ရိုနယ်ဒို ကို ကွင်းထဲမှာ အတူ ထပ်ပြီး မြင်တွေ့ ရနိုင်ဦးမလား ဆိုတာကတော့ . . .