spot_img

ရာသီကြိုကာလတွင် မမျှမတဆက်ဆံခံရခြင်းအတွက် အသင်းဟောင်းဂျူဗင်တပ်စ်ကို ဘိုနူချီ တရားစွဲဆိုမည်

အွန်ယွန်းဘာလင်အသင်း ၀ါရင့်နောက်ခံလူ ဘိုနူချီက ရာသီကြိုကာလတွင် မမျှမတဆက်ဆံခံရခြင်းအတွက် အသင်းဟောင်း ဂျူဗင်တပ်စ်ကို တရားစွဲဆိုမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အသက် ၃၆ နှစ်ရှိပြီဖြစ်သည့် အီတလီလက်ရွေးစင်အသင်းခေါင်းဆောင် ဘိုနူချီ သည် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးပြီး စာချုပ်ကုန်ဆုံးမည့် ၂၀၂၄ ခုနှစ် နွေရာသီတွင် အနားယူရန် ဆုံးဖြတ်ထားသူဖြစ်သည်။ 

myan789

သို့သော် ယခုနွေရာသီတွင် ဂျူဗင်တပ်စ်အသင်း ဒါရိုက်တာသစ်ဖြစ်သူ ဂီအန်တိုလီက ၎င်းမှာ ရာသီသစ် အတွက် အစီအစဉ်များတွင် ပါဝင်ခြင်းမရှိတော့ဟု အသိပေးပြောကြားခဲ့ပြီး အမေရိကခရီးစဉ်နှင့် ရာသီကြိုပွဲစဉ်များတွင် ပါဝင်ခွင့်မရဘဲ ချန်လှပ်ခံခဲ့ရသည်။ 

သို့ဖြစ်ရာ ဘိုနူချီသည် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်ဖျက်သိမ်း၍ အပြောင်းအရွှေ့နောက်ဆုံးရက်တွင် ဂျာမန်ဘွန်ဒစ်လီဂါကလပ် အွန်ယွန်းဘာလင်းအသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အသင်းဟောင်းကို တရားစွဲဆိုမည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဘိုနူချီက “ကြီးမားတဲ့ဒုက္ခတွေ ခံစားခဲ့ရပြီးတဲ့နောက် ဂျူဗင်တပ်စ်ကို တရားစွဲဆိုဖို့ ကျွန်တော်ဆုံးဖြတ်ထားပါတယ်။ ကျွန်တော့်အနေနဲ့ နည်းစနစ်ပိုင်းရွေးချယ်မှု မပါဝင်ဘဲ အသင်းနဲ့အတူ လေ့ကျင့်ခွင့်ရသင့်ပြီး နောက်ရာသီမှာ ကစားနိုင်သေးတဲ့ ကြံ့ခိုင်မှုအခြေအနေလည်းရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ခွင့်မပြုပါဘူး။ အသင်းနဲ့အတူ ကျွန်တော်လေ့ကျင့်ခွင့်မရတော့ပါဘူး။ ဒါက ကျွန်တော့်ကို အရှက်ရစေသလို ခံစားရပါတယ်။ ကျွန်တော်အချစ်ဆုံး အရာကို မလုပ်နိုင်ခဲ့ပါဘူး” ဟု ဆိုခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular