spot_img

ရာသီကုန်တွင် နောက်ခံလူ ရူဒီဂါ အသင်းမှ ထွက်ခွာတော့မည်ဟု ချယ်လ်ဆီးနည်းပြသောမတ်စ်တူဟယ်လ် အတည်ပြု

ချယ်လ်ဆီးအသင်း၏နည်းပြ သောမတ်စ်တူဟယ်လ်က ဂျာမန်နောက်ခံလူ ရူဒီဂါသည် ရာသီကုန်တွင် အသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ရူဒီဂါ(၂၉ နှစ်)သည် ယခုရာသီကုန်တွင် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး သက်တမ်းတိုးရန် ကမ်းလှမ်းမှုများကို အကြိမ်ကြိမ်ငြင်းပယ်နေသူဖြစ်သည်။

myan789

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ချယ်လ်ဆီးအသင်းနှင့် သက်တမ်းတိုးရန် ပြန်လည်စဉ်းစားလာကြောင်း သတင်းထွက်ခဲ့သော်လည်း ချယ်လ်ဆီးအသင်း၏ တစ်ပတ်ပေါင်(၂၀၀၀၀၀)ဖြင့် နောက်ဆုံးကမ်းလှမ်းမှုကို ပယ်ချကာ အသင်းပြောင်းရွှေ့ရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝက်စ်ဟမ်းအသင်းကို အနိုင်ရသည့်ပွဲအပြီးတွင် သောမတ်စ်တူဟယ်လ်က “သူ အသင်းက ထွက်ခွာချင်တဲ့အကြောင်း ကျွန်တော့်ကို အသိပေးခဲ့ပါတယ်။ ဒါ သူ့ရဲ့ ဆုံးဖြတ်ချက်ပါ။ ဒါဟာ စိတ်ပျက်စရာဖြစ်ပြီး ကျွန်တော်တို့အတွက် ဆုံးရှုံးမှုက ကြီးမားပါတယ်။ သူက ထိပ်တန်းနောက်ခံလူဖြစ်ပြီး ရာသီကုန်အထိ အဓိကကစားသမားအဖြစ် ဆက်ရှိနေမှာပါ” ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular