တိုနီခရူးစ်နှင့် အင်တာဗျူးလုပ်ခဲ့တဲ့ podcast တွင် ရီးရဲလ်မက်ဒရစ် နောက်တန်းကစားသမားဟောင်း နှင့်ပတ်သက်ပြီး လီဗာပူးနည်းပြဟောင်း ကလော့ပ်က ပြောကြားခဲ့ပါတယ်။ ၂၀၁၈ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်တုန်းက ဆာလက်အား ကြမ်းတမ်းခဲ့တာနဲ့ပတ်သက်ပြီး ရာမို့စ်သာ လူကောင်းတစ်ဦးဖြစ်ရင် ဆိုပြီး ကလော့ပ်က မေးခွန်းထုတ်လိုက်ပါတယ်။
ရာမို့စ်နှင့် ထိခိုက်မိပြီးနောက် ဆာလက်က ပုခုံးတွင်ဒဏ်ရာရရှိခဲ့ပြီး ကွင်းထဲကနေထွက်သွားခဲ့ရတာဖြစ်ပါတယ်။ သူဟာ ဂိုးသမား ကားရီးယက်စ်နှင့် ထိခိုက်မှုတွင်လည်းပါဝင်ခဲ့ပြီး အဆိုပါဖိုင်နယ်ပွဲစဉ်တွင် ဂိုးသမားက အမှားနှစ်ကြိမ်ပြုလုပ်ခဲ့ကာ မက်ဒရစ်က ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ကလော့ပ်က “ရာမို့စ်သာ လူကောင်း ဖြစ်ခဲ့မယ်ဆိုရင်ပေါ့။ သူက ကျွန်တော်သဘောကျတဲ့ ကစားသမားမဟုတ်ပါဘူး။ ဒီလိုလုပ်ရပ်က အရမ်းကိုဆိုးပါတယ်။ သူ့ပုခုံးက အရမ်းနာသွားသလား သိပ်မသိပေမယ့် သူ့ရဲ့ပုံစံကအရမ်းကိုပျော်နေတာပါ”
“ဒီလိုစိတ်ဓာတ်မျိုးကိုကျွန်တော်လုံးဝကိုနားမလည်ပါဘူး။ ဒီလိုကစားသမားမျိုးကိုလည်း မကြုံဖူးပါဘူး။ ကျနော်လုပ်ခဲ့မယ်ဆိုရင်လည်း သူတို့သေချာပေါက်ထွက်သွားရမှာပါ” လို့ ပြောပါတယ်။
ကလောပ့် စကားမပြောခင်မှာ သူကအရမ်းကိုကောင်းတဲ့ အသင်းဖော်တစ်ဦးဖြစ်တယ်လို့ ခရုစ်က ကာကွယ်ပြောကြားခဲ့ပါတယ်။
“သူကကျွန်တော်သဘောကျတဲ့ကစားသမားမျိုး မဟုတ်ပါဘူး။ ဒါပေမယ့်လည်းကိစ္စတော့မရှိပါဘူး”
“ကျနော့်ရဲ့ခံစစ်မှူးတွေကလည်း ဒီလိုဖြတ်ထုတ်မှုမျိုးမလုပ်ဘဲ အရမ်းကိုကောင်းကြတယ်လို့ အမြဲတမ်းထင်မိပါတယ်” လို့ ကလော့ပ်က ပြောပါတယ်။
ပြီးခဲ့တဲ့ရာသီက အသင်းကနေထွက်ခွာသွားတဲ့ ကလော့ပ်ဟာ ၂၀၁၉ ခုနှစ်တွင် လီဗာပူးနှင့်အတူ ချန်ပီယံလိဂ်ဆုဖလား ရရှိခဲ့ပြီး အောက်တိုဘာလမှာ ရက်ဘူးလ်အုပ်စုရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲအဖြစ် စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။