spot_img

ရာထူးမှထုတ်ပယ်ခံရသည့် လမ်းပတ်ဘက်မှ ပရီးမီးယားလိဂ်နာမည်ကျော်နည်းပြများ ထောက်ခံ

ဇန်နဝါရီ ၂၅ ရက်က ချယ်လ်ဆီးနည်းပြ ရာထူးမှ ထုတ်ပယ်ခံရသော ဖရန့်လမ်းပတ်ဘက်မှ ပရီးမီးယားလိဂ်နာမည်ကျော်နည်းပြများဖြစ်သည့် ဂွါဒီယိုလာ၊ မော်ရင်ဟိုနှင့် ဘရန်ဒန်ရော်ဂျာတို့က ထောက်ခံမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက “လူတွေဟာ စီမံကိန်းတွေ၊ စိတ်ကူးစိတ်သန်း တွေအကြောင်း ပြောကြပါတယ်။ ဒါပေမဲ့ သူတို့အတွက် ဖြစ်တည်မှု မရှိပါဘူး။ အောင်မြင်မှုမရရင် သူ့နေရာမှာ လူစားထိုးခံရမှာပါပဲ။ ချယ်လ်ဆီးအသင်းရဲ့ဆုံးဖြတ်ချက်ကိုတော့ ကျွန်တော် လေးစားပါတယ်။ ဒါပေမဲ့ lock-down ကာလပြီးချိန်မှာ ဖရန့်နဲ့တွေ့နိုင်ဖို့ မျှော်လင့်ပြီး သူနဲ့အတူ စားသောက်ဆိုင်ထိုင်ဖြစ်ပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

myan789

လက်ရှိ စပါးအသင်းကို ကိုင်တွယ်နေပြီး ချယ်လ်ဆီးနည်းပြရာထူးမှ နှစ်ကြိမ်တိုင် ထုတ်ပယ်ခံရသူ မော်ရင်ဟိုက “ကျွန်တော့်အနေနဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် အလုပ်ဆုံးရှုံးသွားချိန်မှာ အမြဲတမ်းဝမ်းနည်းရပါတယ်။ ဖရန့်ဟာ လုပ်ဖော်ကိုင်ဖက်သာမဟုတ်ဘဲ ကျွန်တော့် ဘဝမှာ အရေးပါတဲ့လူတစ်ယောက်ပါ။ နည်းပြအထုတ်ခံရမှုတွေက ဘောလုံးလောကရဲ့လူမဆန်မှုလုပ်ရပ်ပါ။ အထူးသဖြင့် မော်ဒန် ဘောလုံးမှာပေါ့။ ဒါပေမဲ့ နည်းပြဖြစ်လာရင် ဒါမျိုး အနှေးနဲ့ အမြန်ကြုံတွေ့ရမယ်ဆိုတာ သိထားသင့်ပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။

လက်စတာအသင်းနည်းပြဖြစ်သူ ဘရန်ဒန်ရော်ဂျာကမူ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်အနေဖြင့် လမ်းပတ်ကို ယခုထက်အချိန်ပိုပေးသင့်သည်ဟု သုံးသပ်သွားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular