အင်္ဂလန် – ခရိုအေးရှား (တနင်္ဂနွေည ရး၃၀ နာရီ)
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ခရိုအေးရှားက အင်္ဂလန်ကို အသည်းခွဲခဲ့ပြီး ဗိုလ်လုပွဲနဲ့ ဝေးကွာစေ ခဲ့တယ်။ နောက်ပိုင်းတွေ့ဆုံတဲ့ Nations League ပွဲစဉ် နှစ်ပွဲမှာတော့ အင်္ဂလန်က တစ်ပွဲနိုင်၊ တစ်ပွဲသရေ ကစားခဲ့တယ်။ ၂၀၁၈ နောက်ပိုင်းနှစ်တွေကို ပြန်ကြည့်ရင် အင်္ဂလန်အသင်းက အပြောင်းအလဲတွေအများကြီး ဖြစ်လာတယ်။ လူငယ်ကြယ် ပွင့်အများအပြားထွက်ပေါ်လာခဲ့ပြီး၊ ဟာရီကိန်း၊ စတာလင်တို့လိုကစားသမားတွေကလည်း အတွေ့အကြုံရင့် ထိပ်တန်းကစား သမားတွေဖြစ်လာကြတယ်။ ခရိုအေးရှားကတော့ အဲဒီအချိန်ကတည်းက Peak Form ကို ရောက်နေတဲ့ မိုဒရစ်ကို (၃)နှစ်ကြာ တဲ့အထိ အားထားနေရဆဲဖြစ်သလို၊ ဝါရင့်ကစားသမားကြီးအချို့ကို လက်မလွှတ်နိုင်သေးတာတွေ့ရတယ်။ ရာကီတစ်နား သွားတာကလွဲပြီး အပြောင်းအလဲအများကြီးမရှိဘူးလို့ ပြောနိုင်သလို၊ မျိုးဆက်သစ်ထွက်ပေါ်မှုနှုန်းလည်းနည်းနေတယ်။ ဝင်ဘ လေကွင်းမှာ ကစားရမှာဖြစ်ပြီး အင်္ဂလန်ရဲ့အကောင်းဆုံးအချိန်လည်းဖြစ်လို့ အင်္ဂလန်နိုင်ပွဲယူလိမ့်မယ်။
သြစတြီးယား – မ/မက်ဆီဒိုးနီးယား (တနင်္ဂနွေည ၁၀း၃၀ နာရီ)
မ/မက်ဆီဒိုးနီးယားက ပြောင်းလဲလိုက်တဲ့ ခြေစစ်ပွဲပုံစံကို အခွင့်အရေးယူပြီး တက်လာတဲ့အသင်းလို့ပဲ ပြောရမှာဖြစ်ပြီး ယူရိုမှာတော့ အိမ်ဖြည့်အဆင့်ထက်မပိုပါဘူး။ သြစတြီးယားက မ/မက်ဆီဒိုးနီးယားထက် အစစအရာရာပိုသာနေတဲ့အသင်းဖြစ် ပြီး နိုင်ပွဲယူပါလိမ့်မယ်။
နယ်သာလန် – ယူကရိန်း (တနင်္လာနံနက် ၁း၃၀ နာရီ)
နိုင်ငံရေးပြဿနာတွေရဲ့ ရိုက်ခတ်မှုက ယူကရိန်းမှာ ရှိနေဆဲဖြစ်တယ်။ ယူကရိန်းအသင်းရဲ့အားထားရတဲ့ နောက်ခံလူ ရာ ကစ်စကီးက ရုရှားကလပ် ဇင်းနစ်အသင်းကို ပြောင်းသွားလို့ အရွေးမခံရတော့တဲ့အပြင် ရုရှားကလပ်တွေမှာ ကစားနေတဲ့ လူငယ် ကြယ်ပွင့်တစ်ချို့ကိုလည်း ရှက်ဗ်ချင်ကို ရွေးလို့မရအောင် ဖိအားပေးခံခဲ့ရတယ်။ နယ်သာလန်ကတော့ ဖရန့်ဒီဘိုးဝါးနဲ့အတူ မှန် မှန်လေးတိုးတက်လာနေတဲ့အသင်းပါ။ ကစားရမှာကလည်း အမ်စတာဒမ်မှာ ဖြစ်လို့ နယ်သာလန်ပဲ ကြိုက်တယ်။