အင်္ဂလန်အသင်း၏ တိုုက်စစ်ကစားသမား စတာလင်သည် ယူရို-၂၀၂၀ ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုရရှိရန် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။
စတာလင်သည် အင်္ဂလန်အသင်းအတွက် အရေးပါသည့် ဂိုး(၃)ဂိုး သွင်းယူပေးထားသလို၊ ဒိန်းမတ်နှင့် ဆီမီးဖိုင်နယ်တွင်လည်း အင်္ဂလန်အသင်း၏ သွင်းဂိုး(၂)ဂိုးအတွက် အဓိကကျသူဖြစ်ခဲ့သည်။
ထို့ကြောင့် အကောင်းဆုံးကစားသမားဆုရရှိရန် (ရး၄)လေးဖြင့် ရေပန်းအစားဆုံးဖြစ်နေပြီး ဟာရီကိန်းက (ရး၂)လေး၊ ဂျော်ဂျင် ဟိုက (၈း၁)လေး၊ ခီယေဆာက (၁ဝး၁)လေး၊ မက်ဂွိုင်းရားက (၁၂း၁)လေး သတ်မှတ်ခံထားရကြောင်း သိရသည်။