ဟန်ဂေရီ – ပြင်သစ် (မြန်မာစံတော်ချိန် ဇွန်လ ၁၉ ရက် ည ၇:၃၀ နာရီ)
ပြင်သစ်က ဂျာမနီအသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ယူပြီးတဲ့နောက် နောက်ဆုံး (၅)ပွဲဆက် Clean Sheet ယူနိုင်ခဲ့တာတွေ့ ရတယ်။ ကွန်တေ ကာထားတဲ့ ပြင်သစ်ခံစစ်က ကျော်ဖြတ်ဖို့ ခက် ခဲလွန်းပြီး၊ ပေါ့ဘာ၊ ရာဘီယူတို့ရဲ့ All-round Play ကလည်း တော်တော်လေး အားကောင်းနေတယ်။ ဒါ့အပြင် ဘာပေရဲ့အမြန်နှုန်းက အသင်းတိုင်းကို ဒုက္ခပေးနိုင်ပြီး ဘန်ဇီမာလည်း အသင်းနဲ့ အတွဲအဖက်မိတယ်။ ပြင်သစ် လွယ်လွယ်ပဲနိုင်မှာပါ။
ပေါ်တူဂီ – ဂျာမနီ (မြန်မာစံတော်ချိန် ဇွန်လ ၁၉ ရက် ည ၁၀:၃၀ နာရီ)
ဟန်ဂေရီကို အနိုင်ရခဲ့တဲ့ပွဲမှာ ပေါ်တူဂီရဲ့အကောင်းဆုံးပုံစံကို မမြင်ခဲ့ရဘူး။ ပွဲပြီးခါနီး မိနစ်တွေမှာ သွင်းယူခဲ့တဲ့ဂိုးတွေ နဲ့ အနိုင်ရခဲ့တာဖြစ်တယ်။ ဂျာမနီကတော့ ပြင်သစ်ကို ရှုံးခဲ့ပေမဲ့ အဲ့ဒီပွဲက ကစားခဲ့တဲ့ ခြေစွမ်းအတိုင်းဆိုရင် ပေါ်တူဂီကွင်း လယ်ကိုလည်း စိုးမိုးထားနိုင်ဖို့များတယ်။ ကင်မစ်ချ်ရဲ့ ညာတောင်ပံအခြမ်းက ဟာဗက်ဇ်နဲ့ တွဲကစားချိန်မှာ ဖြတ်တင်ဘောတွေအတွက် Space တွေ အများကြီးရခဲ့တာကို တွေ့ရပြီး၊ ဆာနေးဝင်လာချိန်မှာတော့ Wide Area တွေကို ထွက်လွန်းတာကြောင့် ကင်မစ်ချ်က အတွင်းကို ဝင်သွားခဲ့တာတွေ့ရတယ်။ သိပ်ပြီး မထိရောက်တော့ဘဲ ကွင်းလယ်မှာ လူထပ်သွားခဲ့တာပဲ ရှိတယ်။ ခံစစ်ပိုင်းကတော့ ရူဒီဂါနဲ့ ဂင်တာတို့ဘက်တွေက မာကျောပြီး စိတ်ချရပေမဲ့ ဟမ်းမဲလ်ရဲ့အမြန်နှုန်းက ပြဿနာရှိတယ်။ ဒါပေမဲ့ ပေါ်တူဂီအသင်းမှာ ပြင်သစ်တိုက်စစ်ပိုင်းက ဘာပေလို အမြန်နှုန်းမျိုးမရှိတာကြောင့် ထိန်းချုပ်နိုင်မယ်ထင်တယ်။ ဂျာမနီကို ပိုကြိုက်တယ်။
စပိန် – ပိုလန် (မြန်မာစံတော်ချိန် ဇွန်လ ၂၀ ရက် နံနက် ၁:၃၀ နာရီ)
ဆွီဒင်ကို ကစားခဲ့တဲ့ စပိန်ရဲ့ခြေစွမ်းက မဆိုးပါဘူး။ ဒါပေမဲ့ အဓိကပြဿနာက တိုက်စစ်ပိုင်းက လုံလောက်တဲ့ အရည်အသွေးမရှိဘူးဖြစ်နေတယ်။ ဒီပွဲက စပိန်အသင်းရဲ့အိမ်ကွင်းအဖြစ် ဆီဗီးလ်မှာ ကစားရမယ့်ပွဲဖြစ်လို့ အားသာချက်ရှိတယ်ဆိုပေမဲ့ ပေါ်တူဂီ၊ စပိန်တို့ကို ဂိုးမသွင်းနိုင်ခဲ့တဲ့ စပိန်ဆီက အများကြီးမျှော်လင့်ထားလို့မရဘူး။ ခံစစ်ကို သေသေချာချာကစားနိုင်ရင် စပိန် ဘာမှမလုပ်တတ်သလိုဖြစ်နေတာ မြင်နေကျမြင်ကွင်းလည်းဖြစ်တယ်။ (၁-၀)လောက်တော့ဖြစ်နိုင်တယ်။