spot_img

ယူရို-၂၀၂၀ ပြိုင်ပွဲဝင် အသင်း(၂၄)သင်းကို ကိုယ်စားပြုသော သတင်းထောက်များထဲမှ (၁၇)ဦးက ပြင်သစ် ဗိုလ်စွဲမည်ဟု သုံးသပ်ထား

ယူရို-၂၀၂၀ ပြိုင်ပွဲ ယှဉ်ပြိုင်မည့် အသင်း(၂၄)သင်းကို ကိုယ်စားပြုသော သတင်းထောက်များထဲမှ (၁၇)ဦးက ပြင် သစ်အသင်း ဗိုလ်စွဲမည်ဟု သုံးသပ်ခဲ့ကြကြောင်း ဥရောပ ဘောလုံးအဖွဲ့ချုပ်(UEFA) ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

UEFA သည် ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် တစ်သင်း ချင်းအလိုက် သတင်းထောက်တစ်ဦးစီ တာဝန်ပေးထားပြီး အဆိုပါသတင်းထောက်(၂၄)ဦး၏ ပြိုင်ပွဲအတွက် ထင်မြင်ချက်ကို ရယူခဲ့ခြင်းဖြစ်သည်။

myan789

ယင်းကဲ့သို့ ရယူရာတွင် ချန်ပီယံဆုအတွက်သာမက အကောင်းဆုံးကစားသမား၊ ဂိုးသွင်းဘုရင်၊ ထင်ပေါ်လာနိုင်သည့် ကစားသမား၊ အကောင်းဆုံးလူငယ်ကစားသမား၊ ဖျက်မြင်းဖြစ်နိုင်သည့်အသင်း စသည့်အကြောင်းအရာများအတွက်လည်း ထင်မြင်ချက်တောင်းခံခဲ့ခြင်းဖြစ်သည်။

သတင်းထောက်(၁၇)ဦးက ပြင်သစ်အသင်း ဗိုလ်စွဲမည်ဟု ထင်မြင်ချက်ပေးခဲ့ကြပြီး အင်္ဂလန်အသင်း ဗိုလ်စွဲမည်ဟု သုံးသပ်သူ(၃)ဦး၊ ဘယ်လ်ဂျီယံအသင်း ဗိုလ်စွဲမည်ဟု သုံးသပ်သူ(၂)ဦး၊ အီတလီအသင်းနှင့် ပေါ်တူဂီအသင်း ဗိုလ်စွဲမည်ဟု သုံးသပ်သူ (၁)ဦးစီ ရှိခဲ့ကြောင်း သိရသည်။

အကောင်းဆုံးကစားသမားအတွက် ထင်မြင်ချက်ပေးရာတွင် ပြင်သစ်ကွင်းလယ်ကစားသမား ကွန်တေကို ရွေးချယ်သူ (၈)ဦးဖြင့် အများဆုံးဖြစ်ခဲ့ပြီး ဘာပေကို ရွေးချယ်သူ (၅)ဦး၊ ဒီဘရိုင်းနားကို ရွေးချယ်သူ (၄)ဦးရှိခဲ့ကြောင်းလည်း သိရသည်။

ဖျက်မြင်းဖြစ်နိုင်သည့်အသင်းအဖြစ် အများဆုံးရွေးချယ်ခံရသည်မှာ တူရကီအသင်းဖြစ်ပြီး အကောင်းဆုံးလူငယ်ကစားသ မားအဖြစ် အများဆုံးရွေးချယ်ခံရသူမှာ အင်္ဂလန်ကစားသမား ဖိုဒန်ဖြစ်ကြောင်းလည်း သိရသည်။

၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်အသင်းသည် ကျွမ်းကျင်သူများ၊ ပရိသတ်များကြားတွင်လည်း ဗိုလ်စွဲရန် အလားအလာအကောင်းဆုံးအသင်းအဖြစ် ရေပန်းစားနေသည့် အပြင် လောင်းကစားကုမ္ပဏီများကလည်း ချန်ပီယံဆုအတွက် ထိပ်ဆုံးမှ အလေးပေးထားသည်။

သို့သော် ပြင်သစ်အ သင်းသည် ယူရို-၂၀၂၀ ပြိုင်ပွဲ၌ ပေါ်တူဂီ၊ ဂျာမနီတို့နှင့်အတူ အုပ်စုကျပ်အတွင်း ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲအဖြစ် ဇွန်လ(၁၅)ရက်နေ့၌ ဂျာမနီအသင်းနှင့် စတင်ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular