spot_img

ယူရို-၂၀၂၀ ချန်ပီယံ အီတလီအသင်းနည်းပြ မန်ချီနီနှင့် ကစားသမားများအား အီတလီနိုင်ငံသမ္မတ ဆာဂျီယိုမတ်တာရယ်လာကသမ္မတနန်းတော်တွင် ခေါ်ယူတွေ့ဆုံ၍ ဂုဏ်ထူးဆောင်နိုင်ငံသားဆုများ ပေးအပ်ချီးမြှင့်

ယူရို-၂၀၂၀ ချန်ပီယံ အီတလီအသင်းနည်းပြ မန်ချီနီနှင့် ကစား သမားများအား အီတလီနိုင်ငံသမ္မတ ဆာဂျီယိုမတ်တာရယ်လာက သမ္မတနန်းတော်သို့ ခေါ်ယူတွေ့ဆုံ၍ ဂုဏ်ထူးဆောင် နိုင်ငံသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

အီတလီသမ္မတ မတ်တာရယ်လာသည် ဂုဏ်ထူးဆောင်နိုင်ငံသားဆု (order od merit of the Italian Republic) အား ယူရိုပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သူအားလုံးကို ပေးအပ် ချီးမြှင့်ခြင်းဖြစ်ပြီး ယူရိုပြိုင်ပွဲတွင် အီတလီနိုင်ငံဂုဏ်ဆောင်၍ ချန်ပီ ယံဆု ဆွတ်ခူးရယူပေးနိုင်သဖြင့် ချီး မြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

myan789

ယင်းကဲ့သို့ ပေးအပ်ရာတွင် ရာထူး၊ တာဝန်အလိုက် အမျိုးအစားများ ခွဲခြား၍ ချီးမြှင့်ခဲ့ပြီး အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) ဥက္ကဋ္ဌ ဂရာ ဗီနာနှင့် နည်းပြ မန်ချီနီကို Grand Officer of the Republic ဆု၊ အီ တလီအသင်းမန်နေဂျာ အိုရီယယ် လီနှင့် အဖွဲ့ခေါင်းဆောင် ဗီယာလီ ကို Commander of the republic ဆု၊ အသင်းခေါင်းဆောင် ချီလီနီကို Officer ဆုနှင့် ကျန်ကစားသမား အားလုံးကို Cavlier ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

“ယခုလို ဂုဏ်ပြုခြင်းဟာ အားကစားတန်ဖိုးကို အသိအမှတ်ပြုခြင်း၊ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်တဲ့ အီတလီအသင်းရဲ့ အမျိုးသားစိတ်ဓာတ်ကို ဖော်ပြနိုင်ခြင်းအတွက် ဂုဏ်ပြုခြင်းဖြစ်ပါတယ်” ဟု အီတလီသမ္မတနန်းတော်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အီတလီအသင်းသည် ယူရို- ၂၀၂၀ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အိမ်ရှင် အင်္ဂလန်အသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ချန် ပီယံဆု ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ အီတလီအသင်းသည် ပွဲအစနှစ်မိနစ် မပြည့်ခင်မှာပင် အင်္ဂလန်နောက်ခံ လူ လုခ်ရှော၏ ဦးဆောင်ဂိုးကြောင့် နောက်မှလိုက်ကစားခဲ့ရသော်လည်း ၆၇ မိနစ်တွင် နောက်ခံလူ ဘိုနူချီက ချေပဂိုးပြန်လည်သွင်းယူပေးခဲ့သည်။ သာမန်ပွဲကစားချိန် မိနစ် ၉၀ နှင့် အချိန်ပိုမိနစ် ၃၀ ပြီးဆုံးချိန်အထိ နှစ်သင်းစလုံး ဂိုးထပ်မသွင်းနိုင် သဖြင့် ပယ်နယ်တီအဆုံးအဖြတ် ခံယူရာ အီတလီအသင်းမှ ဘယ်ရာ ဒီ၊ ဘိုနူချီနှင့် ဘာနာဒက်ခီတို့သုံးဦး ဂိုးဝင်ပြီး ဘယ်လော့တီနှင့် ဂျော်ဂျင် ဟိုတို့ လွဲချော်ခဲ့သည်။

အင်္ဂလန် အသင်းတွင်လည်း ဟာရီကိန်းနှင့် မက်ဂွိုင်းရားနှစ်ဦးသာ ဂိုးဝင်အောင် ကန်နိုင်ပြီး ရပ်ရှ်ဖို့ဒ်၊ ဆန်ချိုနှင့် ဆာ ကာတို့ သုံးဦးဆက်တိုက် လွဲချော်ခဲ့ သောကြောင့် အီတလီအသင်းက (၃-၂) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ အီတလီအသင်းသည် ယူရိုပြိုင်ပွဲ တွင် ဒုတိယအကြိမ် ဗိုလ်စွဲခြင်းဖြစ် ပြီး ၁၉၆၈ ခုနှစ်နောက်ပိုင်း ၅၃ နှစ် အကြာတွင် တစ်ကျော့ပြန် ဗိုလ်စွဲခဲ့ ခြင်းဖြစ်သည်။ ယင်းချန်ပီယံဆုမှာ အီတလီအသင်းအတွက် မေဂျာပြိုင် ပွဲများတွင် ခြောက်ကြိမ်မြောက်ရရှိ သည့် ချန်ပီယံအောင်မြင်မှုလည်း ဖြစ်သည်။

ထို့ပြင် အီတလီအသင်းသည် ပြိုင်ပွဲတစ်လျှောက်လုံး ရှုံးပွဲလုံးဝမရှိဘဲ ခုနစ်ပွဲစလုံး အနိုင်ရပြီး ချန်ပီယံဆု ရယူနိုင်ခဲ့ခြင်းဖြစ်သလို ၂၀၁၈ ခုနှစ် စက်တင်ဘာနောက်ပိုင်း ပြိုင်ပွဲ စုံ ၃၄ ပွဲဆက်တိုက် ရှုံးပွဲမရှိကစားထားကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular