ယူရိုပါလိဂ် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရတဲ့နောက် ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့ အတွက် ဘာတွေ လိုအပ်သလဲဆိုတာ ပြောပြလိုက်တဲ့ ဒီဂီယာ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့က ယူရို ပါလိဂ် ဆီမီး ဖိုင်နယ် အဆင့် အဖြစ် စပိန် ထိပ်သီး ဆီဗီးလား အသင်း နဲ့ ရင်ဆိုင် ကစားခဲ့ ရပြီး 1 – 2 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ခဲ့တဲ့နောက်ပြိုင်ပွဲမှ ထွက်ခွာ ခဲ့ရ ပါတယ် ။ အခုတော့ ယူနိုက်တက် တို့ဟာ သုံးနှစ်ဆက် ဖလား လက်မဲ့ ဖြစ်ခဲ့ရပါတယ် ။

အခြား တစ်ဖက် မှာတော့ ယူနိုက်တက် တို့ဟာ ဒီ ရာသီ FA ဖလား ၊ ကာရာဘောင်း ဖလား နဲ့ ယူရို ပါလိဂ် ဖလား ပြိုင်ပွဲ တွေမှာ ဆီမီး ဖိုင်နယ် အဆင့် အထိ တက်ရောက် နိုင်ခဲ့ ပေမယ့်အဆိုပါအဆင့် မှပဲ အိမ် လှည့်ပြန် ခဲ့ရတဲ့ မှတ်တမ်းဆိုး တစ်ရပ် ကိုလည်း ပိုင်ဆိုင် ခဲ့ရ ပါတယ် ။

myan789

အခုတော့ ယူနိုက်တက် အသင်း ရဲ့ နံပါတ် တစ် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာကဆုဖလားတွေကို တစ်ဖန် ပြန်လည် ဆွတ်ခူး နိုင်ရေးအတွက်လက်ရှိကစားသမားစာရင်းမှာအတွေ့အကြုံရင့်ကျက်တဲ့ ကစားသမားတွေကို လိုအပ် နေသေးကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

လက်ရှိ အချိန် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒေါ့မွန် အသင်းမှ တောင်ပံ ညာ တိုက်စစ် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချို ကို နံပါတ် တစ် ဦးစားပေး အဖြစ် သတ်မှတ် ထားခဲ့ ပေမယ့် ဂျာမန် ကလပ် ကတော့ ကစားသမားဖြစ်သူကိုရောင်းချတော့မှာမဟုတ်ကြောင်းပြောကြား ထားခဲ့ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ယူနိုက်တက် တို့ဟာ အသင်းရဲ့ ခံစစ် နဲ့ ကွင်းလယ် ကိုလည်း လူငယ် ခြေတက် ကစားသမား တွေနဲ့ အင်အား ဖြည့်တင်း လိုနေခဲ့ ပါတယ် ။ဒါပေမယ့်ဒီဂီယာကအသင်းမှာ အတွေ့အကြုံ များသူ ၊ ရင့်ကျက်တဲ့ ကစားသမား တွေကို လိုအပ်ကြောင်းပြောကြားခဲ့လိုက်ပါတယ် ။

” ဒီရာသီ အတွင်းမှာ ကျွန်တော်တို့ပိုမိုတိုးတက်လာခဲ့ကြတယ်လို့ကျွန်တော်ထင်ပါတယ်။ကျွန်တော် တို့ဟာ ပရီးမီးယား လိဂ်မှာ အဆင့် 3 နေရာမှအသင်းအောက်14မှတ်အကွာမှာရပ်တည်ခဲ့ကြပေမယ့် အဆုံးသတ်မှာ တတိယ နေရာကို ရယူ နိုင်ခဲ့ကြ ပါတယ် ”

” ကျွန်တော်တို့ တွေဟာ ပွဲစဉ် အတော် များများ အရမ်း ကောင်းမွန်အောင် ကစား နိုင်ခဲ့ ကြတယ် လို့ ကျွန်တော် ထင်မိ ပါတယ် ။ ရိုးရိုးသားသား ပြောကြား ရမယ် ဆိုရင် ကျွန်တော်တို့ တွေဟာ ယူရို ပါလိဂ် ဖိုင်နယ် အဆင့်ကို တက်ရောက် နိုင်ခဲ့ သင့်တယ် လို့ ကျွန်တော် ထင်မိ ပါတယ် ”

” ဒါပေမယ့် ကျွန်တော်တို့ အသင်းမှာ အတွေ့အကြုံကောင်းတွေပိုမိုလိုအပ်နေခဲ့ပုံပါပဲ။ကျွန်တော်တို့ အသင်းမှာ အတွေ့အကြုံ ရင့်ကျက်တဲ့ ကစားသမားတွေကို လိုအပ် နေခဲ့ ပါတယ် ။ ကျွန်တော်တို့ အခွင့်အရေး တွေကို ဂိုးအဖြစ် ပြောင်းလဲ နိုင်ခဲ့သင့် ပါတယ် ။ ဒီပွဲ မှာတော့ အဲ့တာကအဓိကအချက် တစ်ခု ပါပဲ ”

” ကျွန်တော်တို့ ဆက်လက် တိုးတက် ကြရအောင် ၊ အသင်း အတွက် တိုက်ပွဲဝင် ကြရအောင် ၊ နောက်ရာသီဆုဖလားတွေကိုဆွတ်ခူးဖို့ကြိုးစားကြရအောင်။ကျွန်တော်တို့ဘောလုံးကောင်းကောင်း ကစားနိုင်ခဲ့ကြ ပါပြီ ။ ကျွန်တော် တို့ဟာ တိုက်စစ် ကစားဟန် ကို ပျော်ရွှင် ခံစား နိုင်ခဲ့ကြ ပါတယ် ”

” ကျွန်တော်တို့ ပွဲစဉ် အများကြီး ကစားခဲ့ ရပြီး အနားယူချိန်လည်းနည်းပါးခဲ့ကြပါတယ်။အခုတော့ ကျွန်တော်တို့ အနားယူချိန် နှစ်ပါတ်လောက် ရရှိ ခဲ့ကြ ပါပြီ ။ ပြီးရင် လေ့ကျင့်ရေး တွေကိုပြန်လည် လုပ်ဆောင်ရပါ့မယ် ။ ပွဲစဉ်တွေ ပြန်လည် စတင်တဲ့ အခါ ကျွန်တော်တို့ 100 % ပေးဆပ်ကစားရင်း အကောင်းဆုံး ဖြစ်အောင် ကြိုးစား ကြရ ပါ့မယ် ” လို့ ဒီဂီယာ က ထုတ်ဖော် ပြောကြားသွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular