spot_img

ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

အင်တာမီလန် – ရှက်တာဒိုးနက် (မြန်မာစံတော်ချိန် သြဂုတ် ၁၈ ရက် နံနက် ၁း၃၀ နာရီ)

အင်တာမီလန်အသင်းမှာ နည်းပြ ကွန်တီရဲ့အနာဂတ်က တည်ငြိမ်မှု မရှိပါဘူး။ ယူရိုပါလိဂ်ဖလားသာမရခဲ့ရင် ကွန်တီနဲ့ အင်တာမီလန်တို့ လမ်းခွဲဇာတ်လမ်းက ဖြစ်လာဖို့ နီးစပ်နေတယ်။ လက်ရှိအင်တာမီလန်က နိုင်ပွဲတွေ ဆက်တိုက်ရနေသလို၊ ကစားသမားပိုင်းကလည်း အတော်လေးတည်ငြိမ်လာတယ်။ ပြဿနာက အင်တာမီလန်ကွင်းလယ်မှာ Creative Player ကောင်းကောင်းမရှိဘူး။ အဲရစ်ဆင်လို ကစားသမားမျိုးကိုလည်း ကွန်တီ စိတ်ကြိုက်မတွေ့လို့ နောက်ပိုင်းပွဲတွေမှာ အရန်ခုံပဲ ထိုင်ခိုင်းထားတာ တွေ့ရတယ်။ No.10 Role မရှိဘဲ ဘရိုဇိုဗစ်နဲ့ ဘာရယ်လာတို့ အလျဉ်းသင့်သလို တိုက်စစ်လိုက်ကစားပေမယ့် ကစားသမားတွေရဲ့ အရည်အသွေးက သိပ်မဟုတ်ပါဘူး။ ဒါပေမဲ့ လူကာကူ၊ လော်တာရိုမာတီနက်ဇ်တို့လို ပွဲအဖြေပြောင်းလဲနိုင်တဲ့ ကစားသမားတွေရှိပြီး ခံစစ်ကလည်း ပြိုင်ပွဲစုံနောက်ဆုံး(၆)ပွဲမှာ (၅)ပွဲက Clean Sheet ရခဲ့တယ်။ ရှက်တာဒိုးနက် က ဥရောပပြိုင်ပွဲတွေ တောက်လျှောက်ယှဉ်ပြိုင်နေတဲ့အသင်းဖြစ်ပေမယ့် ဒီရာသီကစားရတဲ့ ပြိုင်ဘက်တွေထဲမှာ မန်စီးတီး၊ အတ္တလန်တာလောက်ပဲ အသင်းကြီးရှိခဲ့ပြီး ရလဒ်မကောင်းခဲ့ဘူး။ အင်တာမီလန်ပဲ နိုင်ဖို့များပါတယ်။

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular