ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ တွေ့ဆုံရမယ့် မန်ချက်စတာ ယူနိုက်တက် နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တဲ့ ဆီဗီးလား နည်းပြ လိုပီတီဂွီ

စပိန် လာလီဂါ ကလပ် ဆီဗီးလား အသင်းရဲ့ နည်းပြ ဖြစ်သူ ဟူလန် လိုပီတီဂွီ က ယူရိုပါ လိဂ် ဆီမီး ဖိုင်နယ် မှာ ရင်ဆိုင် တွေ့ဆုံမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းကို ကမ္ဘာ့ အကောင်းဆုံး အသင်း တစ်သင်း ဖြစ်တယ်လို့ ညွှန်းဆို ခဲ့ ပေမယ့် ဒီအဆင့် ကို ကျော်ဖြတ်ဖို့ ယုံကြည်ချက် အပြည့် ရှိပါတယ်လို့လည်း ပြောဆို သွားခဲ့ ပါတယ် ။ ဆီဗီလား ဟာ ယမန်နေ့ ညက ဝုဗ် အသင်းကို ကွာတား ဖိုင်နယ် အဆင့်မှာ အနိုင်ယူပြီး နောက်တစ်ဆင့် ကို တက်လှမ်း လာနိုင်ခဲ့တာ ဖြစ်ပါတယ် ။

အဆိုပါ ဆီမီးဖိုင်နယ် ဟာ ယူရိုပါလိဂ် ကို နောက်ဆုံး ၆ နှစ် အတွင်း ၄ ကြိမ် ရယူ ထားတဲ့ အသင်း ၂ သင်းရဲ့ ဆုံတွေ့မှု လည်း ဖြစ်စေခဲ့ ပါတယ် ။ ဆီဗီးလား ဟာ ၂၀၁၄ ကနေ ၂၀၁၆ အထိ သုံးနှစ် ဆက်တိုက် ချန်ပီယံ ဖြစ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ဟာ နောက်နှစ်မှာ ဗိုလ်စွဲခဲ့ ပါတယ် ။

myan789

“နောက်ပွဲ မှာ မန်ချက်စတာ ယူနိုက်တက် နဲ့ ကျွန်တော်တို့ ယှဉ်ပြိုင် ရပါမယ် ။ သူတို့ ဟာ ကမ္ဘာ့ အကောင်းဆုံး အသင်း တစ်သင်းပါ ။ ဒါပေမယ့် ဒီအတွက် ကျွန်တော်တို့ သေချာ ပြင်ဆင် ပြီးပါပြီ” လို့ ဝုဗ် နဲ့ ကစားခဲ့တဲ့ ဆီမီး ဖိုင်နယ် ပွဲစဉ် အပြီး မှာ ပြောဆို သွားခဲ့ ပါတယ် ။

“ယူနိုက်တက် ဟာ သမိုင်းကြောင်း ကောင်းပြီး ၂၀၂၀ ထဲမှာ လည်း ပုံစံကောင်း ရနေ ပါတယ် ။ ကျွန်တော်တို့ ကလည်း အကောင်းဆုံး ကြိုးစားပြီး ဒီပွဲ ကို အပြည့် အ၀ အာရုံ စိုက်ထား မှာပါ ။ ဒီပွဲဟာ ခက်ခဲမယ် ဆိုတာ သေချာပါတယ် ။ ဒါပေမယ့် သူတို့ကို အနိုင် ယူနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည် ထားပါတယ်” လို့ လည်း စပိန် လက်ရွေးစင် နည်းပြဟောင်း လိုပီတီဂွီ က ပြောဆို သွားခဲ့ ပါတယ် ။

နူနို ဆန်းတိုစ့်ရဲ့ ဝုဗ် ဟာ ဆီဗီးလား ကို ယှဉ် ကစားခဲ့ပြီး ပင်နယ်တီ ကနေ ပွဲကို ဦးဆောင် နိုင်မယ့် အခွင့် အရေး ရရှိ ခဲ့ ပေမယ့် ဝုဗ် တိုက်စစ်မှုး ရာအူးလ် ဂျီမီနက်ဇ် ရဲ့ ကန်ချက် ကို ဆီဗီးလား ဂိုးသမား ပုတ်ထုတ် ကာကွယ် သွားနိုင်ခဲ့ ပါတယ် ။ ပွဲချိန် ၈၈ မိနစ် မှာတော့ လူးကပ်စ် အိုကမ်ပိုစ့် က ဆီဗီးလား အတွက် အနိုင် ရရှိ စေမယ့်ဂိုးကို သွင်းယူ ပေးသွားခဲ့ ပါတယ် ။

ဆီဗီးလား ဟာ ဘောလုံး ပိုင်ဆိုင်မှု 76% အထိ ရှိခဲ့ ပေမယ့် ဂိုးသွင်းခွင့် အနည်းငယ်သာ ဖန်တီး နိုင်ခဲ့ ပါတယ် ။ လိုပီတီဂွီ က တော့ သူ့အသင်း ဟာ ပွဲကြို ပြင်ဆင်မှု အတိုင်း ကစား နိုင်ခဲ့တာ ဖြစ်ပြီး ဝုဗ် ရဲ့ ကြောက်မက်ဖွယ် ကောင်းတဲ့ တန်ပြန် တိုက်စစ်ကို ထိန်းချုပ် နိုင်ဖို့ ကြိုးစား ခဲ့တာ ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

“ဒီပွဲ ကို ထိုက်ထိုက် တန်တန် အနိုင်ရခဲ့ တာလို့ ကျွန်တော် ထင်ပါတယ် ။ အခွင့်ကောင်း ကို စိတ်ရှည်ရှည် နဲ့ စောင့်ပြီး ကစားဖို့ ကျွန်တော်တို့ ပြင်ဆင် ခဲ့တာပါ ။ ဝုဗ် ဟာ အရမ်း တောင့်တင်းတဲ့ အသင်း တစ်သင်းပါ ။ ဒါကြောင့် ဘောလုံးကို ခြေထဲမှာ ယူထားပြီး အမှား မလုပ်နိုင်ဖို့ ကို အဓိက ဦးတည် ခဲ့ပါတယ် ။ ဝုဗ် ရဲ့ အရမ်း မြန်တဲ့ တန်ပြန် တိုက်စစ်ကိုလည်း အငိုက် မမိရအောင် လုပ်နိုင်ခဲ့ ပါတယ်” လို့ လိုပီတီဂွီ က ပြောဆို သွားခဲ့ ပါတယ် ။

ဆီဗီးလား နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ ဆီမီး ဖိုင်နယ် ပွဲစဉ် ကိုတော့ လာမယ့် သြဂုတ်လ 17 ရက်နေ့ မှာ ယှဉ်ပြိုင် ကစား သွားမှာ ဖြစ်ပြီး အနိုင်ရမယ့် အသင်းဟာ အင်တာ မီလန် နဲ့ ရှက်တာ ဒိုးနက်တို့ ပွဲစဉ်က အနိုင်ရမယ့် အသင်းနဲ့ ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular