spot_img

ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

ဝုလ်ဗ် – ဆီဗီလာ (မြန်မာစံတော်ချိန် သြဂုတ် ၁၂ ရက် နံနက် ၁း၃၀ နာရီ)

ဆီဗီလာကတော့ (၁၆)သင်းအဆင့်ကနေ ဗိုလ်လုပွဲသွားရာလမ်းကြောင်းမှာ ပွဲကျပ်တွေက တောက်လျှောက်ဆီးကြိုနေမယ့် အနေအထားပါ။ ရိုးမားနဲ့ပွဲမှာတော့ ဆီဗီလာအသင်းကစားပုံ ကောင်းခဲ့ပြီး အနိုင်နဲ့ထိုက်တန်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ ဆီဗီလာအသင်းမှာ ခံစစ်နဲ့ကွင်းလယ်ပိုင်းက အတော်လေးတည်ငြိမ်နေတယ်။ ရိုးမားနဲ့ပွဲမှာ အိုကမ်ပို့စ်၊ အန်နက်ဆီရီနဲ့ ဆူဆိုအတွဲကို တိုက်စစ်မှာပွဲထုတ်ခဲ့တယ်။ လက်ရှိယူရိုပါလိဂ်က ဂျာမန်မြေမှာ တောက်လျှောက်ယှဉ်ပြိုင်ကစားရမှာဖြစ်လို့ နည်းပြ လိုပယ်တယ်ဟီအနေနဲ့ လာလီဂါမှာလို အပြောင်းအလဲသိပ်လုပ်ဖို့မရှိဘဲ တိုက်စစ်ပိုင်းကို တည်ငြိမ်မှုရအောင် လုပ်ဆောင်ပါလိမ့်မယ်။ ယူရိုပါလိဂ်အစဉ်အလာမှာတော့ ဝုလ်ဗ်အသင်းက ဆီဗီလာနဲ့ယှဉ်ရင် အပြတ်အသတ်ကွာဟနေတယ်။ ကစားသမားပိုင်းက ဆီဗီလာအသင်းထက် ပိုတည်ငြိမ်နေပေမယ့် ဝုလ်ဗ်ရဲ့ဥရောပအတွေ့အကြုံနည်းပါးမှုက အနည်းငယ်ထောက် ပြစရာတော့ရှိတယ်။ ဆီဗီလာက ပြိုင်ပွဲစုံ (၁၈)ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားထားပြီး အနိုင်နဲ့ သရေရလဒ်က ဆတူရှိပါတယ်။ ဝုလ်ဗ်ရဲ့ရလဒ်ပိုင်းကတော့ ဆီဗီလာလောက် မကောင်းခဲ့ပေမယ့် လက်သင့်ခံလို့ရတဲ့အနေအထားပါ။ ဝုလ်ဗ်အသင်း မိနစ်(၉၀)မှာတော့ သရေလောက် မျှော်လင့်လို့ရမယ်ထင်တယ်။

myan789

ရှက်တာဒိုးနက် – ဘေဆယ် (မြန်မာစံတော်ချိန် သြဂုတ် ၁၂ ရက် နံနက် ၁း၃၀ နာရီ)

ပြီးခဲ့တဲ့အဆင့်မှာ ဂျာမန်ကလပ်တွေကို နှစ်ကျော့စလုံး အနိုင်ယူပြီး တက်ရောက်လာတဲ့အသင်းတွေ ထိပ်တိုက်တွေ့ကြတာပါ။ ဘေဆယ်က ပြည်တွင်းလိဂ်မှာ အခြေအနေသိပ်မဟန်ခဲ့ပေမယ့် ဒီရာသီ ယူရိုပါလိဂ်ပွဲတွေမှာ (၁)ပွဲသရေ၊ (၁)ပွဲသာ အရေးနိမ့်ပြီး (၈)ပွဲအထိ အနိုင်ကစားထားပါတယ်။ ချန်ပီယံလိဂ်ကပြုတ်လာတဲ့ ရှက်တာက ဘင်ဖီကာ၊ ဝုလ်ဖ်ဘတ်တို့ကို ကျော်ဖြတ်လာတဲ့အသင်းပါ။ ရှက်တာပဲ နိုင်မယ်ထင်တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular