spot_img

” ယူနိုက်တက် အသင်းဟာ ယူရိုပါလိဂ် ကစားဖို့ တွေးတောင် မတွေးထားပါဘူး ” လို့ ကြွေးကြော်လိုက်တဲ့ captain မက်ဂွားယား

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အသင်း ခေါင်းဆောင် ဖြစ်သူ ဟယ်ရီ မက်ဂွားယား က RB လက်ပ်ဇစ် အသင်းနဲ့ ရင်ဆိုင် ကစားရမယ့် ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ် မတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ်မှာ သူတို့ အသင်းဟာ ယူရိုပါလိဂ် ဆင်းကစားဖို့ တွေးတောင် မတွေးခဲ့ဖူးကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

လက်ရှိ အချိန် အထိ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် တွေမှာ 5 ပွဲ ကစားပြီးချိန် မန်ချက်စတာ ယူနိုက်တက် ၊ PSG နဲ့ လက်ပ်ဇစ် အသင်း တွေက ရမှတ် 9 မှတ်စီ စုဆောင်း ထားနိုင် ခဲ့ကြ ပါတယ် ။ အခြား တစ်ဖက်မှာတော့ အစ္စတန်ဘူလ် ဘာဆက်ဆီဟာ အသင်းက ရမှတ် 3 မှတ်သာ ရှာဖွေ ထားနိုင် ခဲ့တဲ့ အတွက် နောက်တစ်ဆင့် တက်နိုင်မှာ မဟုတ်တော့ ပါဘူး ။

myan789

ဒါ့ကြောင့် PSG အသင်းဟာ နောက်တစ်ဆင့်ကို အုပ်စုဗိုလ် အဖြစ် နဲ့ တက်ရောက်ဖို့ ရေပန်းစား နေခဲ့ ပါတယ် ။ အခြား တစ်ဖက် မှာတော့ ယူနိုက်တက် နဲ့ RB လက်ပ်ဇစ် အသင်းတို့ ထိပ်တိုက် တွေ့ဆုံ ကြမယ့် ပွဲစဉ်မှာ အနိုင် ရရှိတဲ့ အသင်းက နောက် တစ်ဆင့် တက်ရမှာ ဖြစ်ပြီး သရေ ရလဒ် ထွက်ပေါ်ခဲ့ ပါက ယူနိုက်တက် တို့ နောက်တစ်ဆင့် တက်မှာပဲ ဖြစ်ပါတယ် ။

အဲ့ဒီထဲကတော့ ရှုံးပြီး အဆင့် 3 နေရာကို ရောက်မယ့် အသင်းက ယူရိုပါလိဂ် ပြိုင်ပွဲ ဆင်းပြီး ကစားရမှာ ဖြစ်တာကြောင့် မက်ဂွားယား က လက်ပ်ဇစ် အသင်းကို အနိုင် ကစားဖို့ ရည်ရွယ် ထားကြောင်း ၊ ယူရိုပါလိဂ် ပြိုင်ပွဲဆီ ဆင်းကစားဖို့ တွေးတောင် မတွေးခဲ့ဖူးကြောင်း ပွဲစဉ် မတိုင်မီ ကြွေးကြော် သွားခဲ့တာပဲ ဖြစ်ပါတယ် ။

” ကျွန်တော်တို့ရဲ့ အုပ်စု အဆင့်မှာ ဘယ်သူတွေနဲ့ပဲ ရင်ဆိုင်ရပါစေ ၊ ကျွန်တော်တို့ကတော့ နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ မျှော်လင့်ထားကြ ပါတယ် ။ ဒါဟာ ကျွန်တော်တို့ရဲ့ ဓလေ့ တစ်ခု ဖြစ်ပြီး လက်ရှိ ကစားသမား အစုအဖွဲ့ နဲ့ ဆိုရင် ကျွန်တော်တို့ တွေဟာ နောက်တစ်ဆင့် တက်ဖို့ အပြည့်အဝ မျှော်လင့်ပြီးသား ပါပဲ ”

” ကျွန်တော်တို့ ပွဲစဉ်ကို ရှေးရှု နေပါတယ် ။ ကျွန်တော်တို့ လုပ်ရမှာကတော့ စွမ်းဆောင်ရည်တွေကို ထိန်းသိမ်းရေး ပါပဲ ။ ကျွန်တော်တို့က အသင်းကောင်း တွေမှ ကစားသမားကောင်းတွေနဲ့ ရင်ဆိုင်ရမှာပါ ။ ဒါမျိုး အဖြစ်က ဒီပြိုင်ပွဲမှာ အမြဲတမ်း ရှိနေမှာ အသေအချာ ပါပဲ ။ ဒါက ကျွန်တော်တို့ ပါဝင်ပတ်သက်ချင်တဲ့ စိန်ခေါ်မှု တစ်ခု ပါပဲ ”

” ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ကျွန်တော်တို့ တွေက ယူရိုပါလိဂ် ဆင်းကစားဖို့ လုံးဝ မတွေးထား ပါဘူး ။ ပထမဦးဆုံး အနေနဲ့ ပြောရမယ်ဆိုရင် ကျွန်တော်ဟာ ကောင်းသထက် ကောင်းမွန်တဲ့ ပွဲစဉ် တွေကို ကစားရဖို့ အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ လာခဲ့တာပါ ”

” ကစားသမားကောင်းတွေ ဆိုတာက ဖိအား များတဲ့ ပွဲစဉ်တွေကို ကျော်လွှားနိုင်တဲ့ သူတွေပါပဲ ။ ဒါကို လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ ကတည်းက အသင်းဟာ ပြသ ထားခဲ့ပြီး ပါပြီ ။ ဟုတ်ပါတယ် ၊ big player ဆိုတာ ပွဲကြီး ပွဲကောင်း တွေကို ကျော်ဖြတ် ပြနိုင်သူတွေချည်း ပါပဲ

” ဒါက ပြီးခဲ့တဲ့ ရာသီကုန် တုန်းက လက်စတာ စီးတီး အသင်း နဲ့ ရင်ဆိုင်ခဲ့ ရတဲ့ ပွဲစဉ် နဲ့ ဆင်တူလှ ပါတယ် ။ ကျွန်တော်တို့က သူတို့ကို အနိုင် ကစားပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရယူ နိုင်ခဲ့ကြတယ်လေ ။ ကျွန်တော်တို့ နောက်တစ်ဆင့် တက်ရောက် နိုင်ဖို့ အတွက် စီမံ ခန့်ခွဲ နိုင်ခဲ့ကြ ပါတယ် ”

” ကျွန်တော်တို့ဟာ အဲ့ဒီလို ပွဲစဉ်တွေကနေ ယုံကြည်မှုတွေကို ရယူ ကြရ ပါ့မယ် ။ အခု အချိန်မှာ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေကြပြီ ၊ ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်နေကြပြီလို့ ခံစား နေရပါပြီ ။ ကျွန်တော်တို့ ပွဲကစားဖို့ ရှေးရှု နေကြပါပြီ ” လို့ မက်ဂွားယား က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular