မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားဟောင်း နှစ်ဦး ဖြစ်ကြတဲ့ ဂယ်ရီ နဗီးလ် နဲ့ ပတ်ထရစ် အီဗရာ တို့က လက်ရှိ အသင်းရဲ့ လူငယ် တိုက်စစ် ကစားသမားလေး ဖြစ်တဲ့ မေဆွန် ဂရင်းဝုဒ်ဟာ ဆိုးလ်ရှား ရဲ့ အဆုံးသတ် အကောင်းဆုံး တိုက်စစ်မှူး ဖြစ်ကြောင်း ကိုယ်စီ သဘော တူညီခဲ့ကြ ပါတယ် ။
ယူနိုက်တက် တို့ဟာ ဒီတစ်ပါတ်မှာတော့ ဝက်စ်ဟမ်း အသင်းကို လန်ဒန် ကွင်းမှာ ရင်ဆိုင် ခဲ့ပြီး 1 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် နေခဲ့တဲ့ အချိန် ပေါ့ဂ်ဘာက ခြေပဂိုး သွင်းယူ ပေးခဲ့ပြီး ဂရင်းဝုဒ် က ဦးဆောင်ဂိုး သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။ အနိုင် သေချာ စေမယ့် သွင်းဂိုး ကိုတော့ ရပ်ရှ်ဖို့ က သွင်းယူ ပေးသွားခဲ့ ပါတယ် ။
ဒါ့ကြောင့် ယူနိုက်တက် တို့ဟာ အဝေးကွင်းမှာ နောက်ကနေ လိုက်ကစားပြီး အသင်းကြီး တွေကို ဒုက္ခ ပေးခဲ့တဲ့ ဝက်စ်ဟမ်း အသင်းကို 1 – 3 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် အနိုင် ရခဲ့တာပဲ ဖြစ်ပါတယ် ။ အခြား တစ်ဖက် မှာတော့ ဒါဟာ ဂရင်းဝုဒ် အတွက် ဒီ ရာသီ ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ဖြစ်သွားခဲ့ရ ပါတယ် ။
အဆိုပါ သွင်းဂိုး နဲ့ ပတ်သက်လို့ ထူးခြား ခဲ့တာ ကတော့ ဂရင်းဝုဒ်ဟာ အဲလက်စ် တဲလက်စ် ဆီမှ ရောက်ရှိ လာခဲ့တဲ့ ဘောလုံးကို တစ်ချက် ထိန်းပြီး အချိန် မဆိုင်းပဲ ချက်ချင်း ကန်သွင်းရာမှ ရရှိ ခဲ့တာပဲ ဖြစ်ပါတယ် ။ တစ်ကယ်တမ်း မှာတော့ ဒီလို ကန်ချက်ကြောင့် ဂိုး ရဖို့ ဆိုတာ လက်တွေ့မှာ မလွယ်တဲ့ အရာပဲ ဖြစ်ပါတယ် ။
ဒါ့ကြောင့် ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက 17 ဂိုး အထိ သွင်းယူ ပေးနိုင်ပြီး တောက်ပ ခဲ့တဲ့ ကစားသမားလေးမှ အခုလိုမျိုး သွင်းဂိုးကို သွင်းယူ ပြလိုက်တဲ့ အချိန်မှာတော့ ဂယ်ရီ နဗီးလ် နဲ့ ပတ်ထရစ် အီဗရာ တို့က အခုလို အမွှမ်းတင် စကား ပြောကြားခဲ့ ကြတာပဲ ဖြစ်ပါတယ် ။
” တစ်ကိုယ်တော် စွမ်းဆောင်ရည် ပြသရေးနဲ့ ပတ်သက်မယ် ဆိုရင် ယူနိုက်တက် တို့ဟာ ပေါ့ဂ်ဘာ နဲ့ ဘရူနို ဖာနန်ဒက်စ် တို့လို စတား ကစားသမား တွေကို ပိုင်ဆိုင် ထားကြ ပါတယ် ။ ဘရူနို ဖာနန်ဒက်စ် က ကောင်းမွန်တဲ့ ပေးပို့မှု တွေကို စတင် ပေးခဲ့တဲ့နောက် အဲလက်စ် တဲလက်စ် က ဆက်ကောင်း ပြနိုင်ခဲ့ ပါတယ် ”
” သူဟာ အသင်းရဲ့ ဂိုးသွင်း အကောင်းဆုံး ကစားသမား ပါပဲ ။ မေဆွန် ဂရင်းဝုဒ် ပေါ့ဗျာ ၊ အဆင့်အတန်း ရှိတဲ့ စွမ်းဆောင်ရည် တွေကို ပြသ နိုင်ခဲ့ပြီး အလန်းစား ထိချက် တစ်ခုကို လုပ်ဆောင် ပြသွား နိုင်ခဲ့ ပါတယ် ။ ကျွန်တော်ဟာ သူ့ကို စောင့်ကြည့်ခဲ့တိုင်း ရော်ဘင် ဗန်ပါစီကို စောင့်ကြည့်သလို ခံစား ခဲ့ရတယ်လို့ အမြဲလို ပြောခဲ့ဖူး ပါတယ် ”
” သူ့ရဲ့ ဘောလုံး ကန်လိုက်တဲ့ ထိချက်က ဂိုးသမား တွေကို ဒုက္ခပေး နိုင်တဲ့ အရာ ပါပဲ ။ ခင်ဗျား ကတော့ ဟွမ် မာတာ ၊ ဂရင်းဝုဒ် ၊ မာရှယ် နဲ့ ရပ်ရှ်ဖို့ တို့ဟာ တိုက်စစ် ကစားလိုကြတယ် ဆိုတဲ့ အကြောင်း ပြောဖြစ်ပါ လိမ့်မယ် ။ အထူးသဖြင့် ဂရင်းဝုဒ် ပေါ့ဗျာ ”
” ကျွန်တော် ကတော့ သူ (ဂရင်းဝုဒ်) ဟာ သူတို့ အားလုံးထဲမှာ အကောင်းဆုံး ဘောလုံးသမား ဖြစ်တယ်လို့ ထင်မိ ပါတယ် ။ သူဟာ အသက် ငယ်ရွယ်သေးသလို အလားအလာကောင်းတွေ အများကြီး ပိုင်ဆိုင်ထား ပါတယ် ။ ဒါဟာ မယုံနိုင် စရာ ပါပဲ ” လို့ ဂယ်ရီ နဗီးလ် က ထုတ်ဖော် ချီးကျူးခဲ့ လိုက်ရာ အီဗရာ ကလည်း…
” ဒါက ရော်ဘင် ဗန်ပါစီကို သတိရစေပါတယ် ။ ကျွန်တော်က တစ်ခါတလေမှာ သူ့ဆီ အတိအကျ မဟုတ်တဲ့ ဘောလုံး ပေးပို့မှု တွေကို လုပ်ဆောင်ခဲ့ဖူး ပါတယ် ။ အဲ့တာ တွေကို သူက ကြည့်ကောင်းအောင် လုပ်ဆောင် ပေးနိုင်ခဲ့ ပါတယ် ။ အခုတော့ အဲ့တာကို ဂရင်းဝုဒ် ကပါ လုပ်ပြ နေခဲ့ ပါတယ် ”
” လက်ရှိ အချိန် မှာတော့ မေဆွန် ဂရင်းဝုဒ်ဟာ အသင်း ရဲ့ အဆုံးသတ် အကောင်းဆုံး ကစားသမား တစ်ဦးပါပဲ ” လို့ ယူနိုက်တက် ဘယ် နောက်ခံလူဟောင်း ပတ်ထရစ် အီဗရာ ကလည်း ဂယ်ရီ နဗီးလ် ရဲ့ လေသံ တွေကို ထပ်တူ ထောက်ခံ သွားခဲ့လိုက် ပါတယ် ။