ဘိုလော့ဂ်နာကနေ ပေါင် ၃၆.၅ သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် ပထမဆုံးပရီးမီးယားလိဂ်ပွဲဦးထွက်တွင် ခြေစွမ်းပြသကာ ဖူလ်ဟမ်အား ၁-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲမှာ အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း ဇက်ခ်ဇီဟာ ခြေစွမ်းပြသဖို့ ရုန်းကန်နေရပြီး ၁၁ ပွဲကစားပြီးချိန်မှာတော့ ဂိုး သွင်းယူနိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။
ခြေစွမ်းကျဆင်းနေတဲ့ နယ်သာလန်သားဟာ အိုးထရက်ဖို့ဒ်ကနေ ဇန်နဝါရီဈေးကွက်ဖွင့်ချိန်တွင် အပြီးသတ် သို့မဟုတ် အငှာဖြင့် ထွက်ခွာဖွယ်ရှိကြောင်း သတင်းတွေထွက်နေတာဖြစ်ပါတယ်။
သို့ပေမယ့် ပလက်တန်ဘက်ရဲ့ဖော်ပြချက်အရ ဆောင်းရာသီမှာ ဂျူဗင်တပ်စ်က ခေါ်ယူမယ်လို့ သတင်းတွေထွက်နေပေမယ့် ဒါဟာ သတင်းအမှားသာဖြစ်ပြီး ဇက်ခ်ဇီဟာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ အစီစဉ်မရှိကြောင်း သိရပါတယ်။
နယ်သာလန်သားဟာ သူ့ရဲ့စွမ်းဆောင်ရည်အပေါ် ယုံကြည်ချက်ရှိနေပြီး တန်ဟက်ရဲ့အသင်းမှာ ခြေစွမ်းပြန်လည်ပြသနိုင်မယ်လို့ ယုံကြည်ချက်ရှိနေတုန်းဖြစ်ပါတယ်။
ပလက်တန်ဘက်ရဲ့မှတ်ချက်ပေးမှုကို ကိုးကားပြီး အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုက ဇက်ခ်ဇီရဲ့ အနာဂတ်အပေါ် သူ့ရဲ့ ယူကျူချန်နယ်တွင် ပြောကြားထားပါတယ်။
“ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း မေးခွန်းများစွာရှိခဲ့ပြီး ဇက်ခ်ဇီရဲ့ ဇန်နဝါရီတွင် အိုးထရက်ဖို့ဒ်က ထွက်ခွာနိုင်တဲ့အကြောင်း အီတလီက သတင်းတွေ ကျွန်တော့်ထံ ပေးပို့လာကြပါတယ်”
“ဂျူဗင်တပ်စ်ရဲ့ ဆက်သွယ်မှုရှိနေသလို အီတလီက အခြားကလပ်တွေနဲ့လည်းရှိပါတယ်။ ဇီကာဇီက အီတလီမှာ ခြေစွမ်းပြသခဲ့သူပါ။ ဒါကတော့ ရှင်းပါတယ်”
“သူက ယူနိုက်တက်သို့ အရမ်းကိုသွားချင်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၃ လ လောက်ကတည်းက သူက ယူနိုက်တက်သို့ ပြောင်းဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်”
“ဒါကြောင့် လွန်ခဲ့တဲ့ ၃ လ ကတည်းက ကလပ်ကနေထွက်ခွာကာ ယူနိုက်တက်သို့ပြောင်းဖို့ သူက ဆုံးဖြတ်ချက်ချထားပြီး ထူးခြားအောင် ကြိုစားခဲ့သော်လည်း အခုတော့ ခြေစွမ်းပြသနိုင်သေးတာပါ” လို့ ရိုမာနိုက ပြောပါတယ်။
နွေရာသီတွင် ရောက်ရှိလာတဲ့ ဇက်ခ်ဇီရဲ့ လက်ရှိစာချုပ်က ၂၀၂၉ ခုနှစ်အထိ ဖြစ်ပါတယ်။
တော့တင်ဟမ်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့နောက်ပိုင်း ဘိုလော့ဂ်နာ ကစားသမားဟောင်းဟာ တန်ဟက်ရဲ့ ပွဲထွက် ၁၁ ဦးစာရင်းတွင် ပါဝင်နိုင်ခြင်းမရှိဘဲ ဝက်စ်ဟမ်းနှင့်ပွဲမှာလည်း ပါဝင်ဖို့ မသေချာနေတာဖြစ်ပါတယ်။
ကြာသပတေးနေ့မှာ ဇက်ခ်ဇီက ၅၅ မိနစ်တွင် ဟွိုက်လန်းရဲ့နေရာတွင် လူစားဝင်ရောက်ကစားခဲ့ပါတယ် ယူနိုက်တက်ဟာ ပထမပိုင်းမှာ ဦးဆောင်ခွင့်ရရှိခဲ့ပေမယ့် ပွဲအပြီးမှာတော့ ၁-၁ ဂိုးဖြင့် သရေကျသွားခဲ့တာဖြစ်ပါတယ်။
“ဟွိုက်လန်းက ဒဏ်ရာကြီးကြီးမားမားရရှိခဲ့ပြီး ပြန်ကောင်းလာတာပါ။ သူ့ရဲ့ကြံ့ခိုင်မှုကို ကျွန်တော်တို့က တည်ဆောက်ရအုံးမှာပါ”
“သူက ၁၀၀ % ကောင်းသေးတာ မဟုတ်ပါဘူး။ နောက်ထပ် ဒဏ်ရာမရရှိဖို့ ကျွန်တော်တို့က ရှောင်ရမှာပါ။ ဒီနေ့မှာ သူ့အတွက် ကျွန်တော်တို့ အချိန် အနည်းငယ်လောက် ကစားခွင့်ပေးခဲ့ပြီး တနင်္ဂနွေနေ့ပွဲက ပွဲကြီးပွဲကောင်းဖြစ်ပါတယ်” လို့ ယူနိုက်တက်နည်းပြက ပြောပါတယ်။