မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္ဓဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ရီယို ဖာဒီနန် က ယူနိုက်တက် 1 – 0 ဝက်စ် ဘရွန်း နဲ့ ပွဲစဉ်မှာ အသင်းဟောင်းကို ပင်နယ်တီ နောက် တစ်ကြိမ် ကန်စေ ခဲ့တဲ့ ကွင်းလယ်ဒိုင် ရဲ့ ဆုံးဖြတ်ချက် အပေါ် ဝေဖန် ထိုနှက် သွားခဲ့လိုက် ပါတယ် ။
ဒီနေ့ နံနက် ကစား ခဲ့တဲ့ ယူနိုက်တက် Vs ဝက်စ် ဘရွန်း ပွဲစဉ်မှာ ဆလာဗန် ဘီလစ် ဦးဆောင်နေခဲ့တဲ့ ဝက်စ် ဘရွန်း အသင်းဟာ ယူနိုက်တက် တို့ကို ဂိုးသွင်းရ မလွယ်ကူအောင် အတော်လေး ဒုက္ခပေး ကစားသွား နိုင်ခဲ့ ပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက် တို့ဟာ ခက်ခဲတဲ့ ပွဲစဉ် ပိုင်ဆိုင် ခဲ့ရ ပါတယ် ။
ဒါပေမယ့် ပွဲချိန် 53 မိနစ်မှာ ယူနိုက်တက် ကွင်းလယ်လူ ဟွမ် မာတာ က ဂိုး ဧရိယာ အတွင်း ဘောလုံး ပေးပို့လိုက်ရာ ပြိုင်ဖက် နောက်ခံလူ ဖာလောင်း ရဲ့ လက်ကို ဘောလုံး ထိမှန် သွားခဲ့တဲ့ အတွက် ယူနိုက်တက် တို့ဟာ ပင်နယ်တီ ကန်ခွင့် ရရှိ သွားခဲ့ကြ ပါတယ် ။
အဆိုပါ ပင်နယ်တီ ကိုတော့ ဘရူနို ဖာနန်ဒက်စ် ကန်ခဲ့ပြီး ဝက်စ် ဘရွန်း ဂိုးသမား ဆမ် ဂျွန်စတုန်း က ကာကွယ် သွားနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် အဆိုပါ ကန်ချက်ကို VAR နဲ့ စစ်ဆေးခဲ့ရာ ဂျွန်စတုန်း က ဂိုးစည်း ကျော်ပြီး ဖမ်းယူတာ တွေးခဲ့ရတဲ့ အတွက် ဘရူနိုဟာ ပင်နယ်တီ နောက်တစ်ကြိမ် ကန်ခွင့် ရရှိခဲ့ ပါတယ် ။
ဒီတစ်ကြိမ်မှာလဲ ဘရူနိုက ပင်နယ်တီကို ပထမ အကြိမ် ကန်သွင်းတဲ့ ပုံစံ အတိုင်းပဲ ကန်သွင်းခဲ့ပြီး ဂိုး ရယူ သွားနိုင်ခဲ့ ပါတယ် ။ အဆိုပါ သွင်းဂိုး တစ်ဂိုး နဲ့ပဲ ပွဲစဉ်ဟာ ပြီးဆုံး သွားခဲ့ ရပြီး ယူနိုက်တက် တို့လည်း 1 – 0 ဆိုတဲ့ ရလဒ် နဲ့ ပထမဆုံး လိဂ် အိမ်ကွင်း နိုင်ပွဲ ရယူ သွားနိုင် ခံ့ြာာာာာာ
ဒါပေမယ့် ယူနိုက်တက် ဂန္ဓဝင် ဖာဒီနန် က အခုလို ပင်နယ်တီ ကန်ခွင့် ပြန်လည် ပေးခဲ့တာက ပွဲ အဖြေကို ပြောင်းလဲ သွားစေခဲ့ကြောင်း ၊ ဒါဟာ ကျက်သရေ မဲ့တဲ့ ဆုံးဖြတ်ချက် တစ်ခု ဖြစ်ခဲ့ရကြောင်း ကွင်းလယ်ဒိုင်နဲ့ VARရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ထိုးနှက် သွားခဲ့လိုက် ပါတယ် ။
” ဒါဟာ ကျက်သရေမဲ့တဲ့ ဆုံးဖြတ်ချက် တစ်ခု ပါပဲ ။ ပထမ တစ်ကြိမ် မှာတော့ သူဟာ မှန်ကန်ခဲ့ ပါတယ် ။ ဒါဟာ သေချာပေါက် ပင်နယ်တီ ပါပဲ ။ ဒါပေမယ့် သူဟာ သူ့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ ပြီးမှ ဘယ်လို လုပ်ပြီး အခုလို နောက်တစ်ကြိမ် ဆုံးဖြတ်ခဲ့ ရတာလဲ ? ”
” ပွဲစဉ် ကတော့ ဝက်စ် ဘရွန်း တို့ ကပ်ပြီး ခံစား သွားခဲ့ရခြင်း ဖြစ်သွားခဲ့ ပါတယ် ။ ဒါကြီးက လုံးဝ သိသာ ထင်ရှား ခဲ့ရ ပါတယ် ။ ပွဲစဉ်က အခုလို ဆုံးဖြတ်ချက်ကြောင့် အဖြေ ပြောင်းလဲခဲ့ ရတာ ပါပဲ ” လို ဖာဒီနန် က ဝေဖန် ထိုးနှက် သွားခဲ့လိုက် ပါတယ် ။
ပရီးမီးယားလိဂ် ရဲ့ အခြား ကွင်းလယ်ဒိုင်ဟောင်း တစ်ဦး ဖြစ်တဲ့ ပီတာ ဝယ်လ်တန် ကလည်း အဆိုပါ ပွဲစဉ်မှ ကွင်းလယ်ဒိုင် ကူးတီ ရဲ့ ဆုံးဖြတ်ချက် တစ်ဖန် ပြန်လည် ချမှတ်ခဲ့ရတဲ့ လုပ်ရက် အပေါ် မျှတမှု မရှိကြောင်း ၊ VAR အနေ နဲ့ ဒီ ကိစ္စမှာ မပါဝင် ခဲ့သင့်ကြောင်း ဝေဖန် စကား ပြောကြား သွားခဲ့လိုက် ပါတယ် ။
” အဲ့ဒီ အခိုက်အတန့်မှာ ရှင်းလင်းပြီး ထင်ရှားတဲ့ အမှား တစ်ခု ရှိခဲ့တယ်လို့ ကျွန်တော်တော့ မထင်ပါဘူး ။ ဒီလို ကိစ္စမျိုး မှာ VAR ကလည်း ဝင်ရောက် မစွက်ဖက် ခဲ့သင့် ပါဘူး ။ သူတို့ တွေဟာ ကွင်းလယ်ဒိုင်ကို VAR သွားရောက် စစ်ဆေးဖို့ အတွက် ပြောကြားခဲ့တာက ဒိုင်ဟာ အမှား လုပ်ခဲ့တယ် ဆိုတာကို ညွှန်းဆို နေခြင်း ပါပဲ ” လို့ ဝယ်လ်တန် က ဝေဖန် ခဲ့လိုက် ပါတယ် ။