သတင်းတွေအရ လာဇီယိုအသင်းဟာ ယူနိုက်တက်နောက်ခံလူ လင်ဒီလော့ဖ်ကို အပြောင်းအရွှေ့မပိတ်ခင် ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။
လင်ဒီလော့်ဖ်ဟာ ယူနိုက်တက်အသင်းရှင်းထုတ်မယ့်ကစားသမားတွေထဲကတစ်ဦးဖြစ်ပြီး အပြောင်းအရွှေ့တော့ မဖြစ်သေးတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း လာဇီယိုဘက်က အသက် ၃၀ အရွယ်ကစားသမားကို နောက်တန်းနေရာအတွက် ခေါ်ယူချင်နေပါတယ်။
အခြားတစ်ဖက်မှာတော့ လင်ဒီလော့ဖ်ဟာ ဒဏ်ရာအခြေအနေကြောင့် ၃ ပတ်လောက်လေ့ကျင့်ခန်းမဆင်းနိုင်တာဖြစ်ပါတယ်။
အသက် ၃၀ အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီတုန်းက တံကောက်ကြော နဲ့ ပေါင်ခြံဒဏ်ရာတွေကြောင့် ၂၂ ပွဲအထိ လွဲချော်ခဲ့တာဖြစ်ပါတယ်။
သို့ပေမယ့်လည်း လာဇီယိုအသင်းက ယူနိုက်တက်စတားကို ခေါ်ယူချင်နေဆဲဖြစ်ပြီး ဖီအိုရင်တီးနား ၊ ဖရန့်ဖတ် ၊ ဆော်ဒီလိဂ်တွေကလည်း စိတ်ဝင်စားနေပါတယ်။
အေဂျက်ကတော့ အသက် ၃၂ နှစ်သား အဲရစ်ဆင်ကို ခေါ်ယူဖို့ ပြန်လည်စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။ အဲရစ်ဆင်ဟာ ၂၀၁၀ တုန်းက အသက် ၁၈ နှစ်မှာတင် အေဂျက်အသင်းအတွက် စီနီယာကစားသမားဘ၀ စတင်နိုင်ခဲ့တာဖြစ်ပြီး ၂၀၁၃ မှာ တော့တင်ဟမ်အသင်းထံပြောင်းရွှေ့ခဲ့ပါတယ်။
တော့တင်ဟမ်စတားဟောင်းဟာ အိုးထရက်ဖို့ဒ်မှာ မီနူးနဲ့တွဲဖက်ပြီး အတွဲညီခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားသစ်တွေရောက်လာမှုနဲ့အတူ အဲရစ်ဆင်အနေနဲ့ ယူနိုက်တက်မှာ နေရာရဖို့ မသေချာတော့တာဖြစ်ပါတယ်။
“ကျွန်တော် မကစားရလို့ မကျေနပ်မနပ်မဖြစ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ဒီအကြောင်းကို အဲရစ်နဲ့ပြောသွားမှာပါ။ ကျွန်တော် အသင်းအတွက် ဖြစ်နိုင်သမျှကစားပေးချင်ပါတယ်။
ဒါပေမယ့် ကျွန်တော် အသင်းအတွက်အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ သူက အသင်းလူစာရင်းကိုရွေးချယ်တာဖြစ်ပြီး တကယ်လို့ စွမ်းဆောင်ရည်ကောင်းတယ်ဆိုရင် ပါဝင်လာမှာပါ။
အသင်းတိုင်းမှာ နေရာရဖို့ တိုက်ပွဲဝင်ရတာတွေရှိပါတယ်။ ထိပ်တန်းအသင်းတစ်သင်းမှာဆိုရင် ပိုတောင်ပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။ ဒါက အသင်းအတွက် ကောင်းမွန်တဲ့လက္ခဏာပါ”လို့ အဲရစ်ဆင်က ပြောကြားခဲ့ပါတယ်။