spot_img

ယနေ့ညယှဉ်ပြိုင်ကစားမည့် လိဂ်ဖလားပွဲစဉ်များ

ပရက်စတန် နှင့် ဘရိုက်တန် (၂၄-၉-၂၀၂၀ နံနက် ၀၀:၃၀ နာရီ)
ဘရိုက်တန်အသင်းရဲ့နောက်ပိုင်းနှစ် လိဂ်ဖလားမှတ်တမ်းတွေက စိတ်ပျက်စရာကောင်းပြီး တတိယအဆင့်တောင် မကျော်ပါဘူး။ အိမ်ရှင်ကိုပဲ ရွေးချင်တယ်။

ဖူလ်ဟမ် နှင့် ရှက်ဖီးဝင်းစ်ဒေး (၂၄-၉-၂၀၂၀ နံနက် ၀၀:၃၀ နာရီ)
ဖူလ်ဟမ်အနေနဲ့ ပရီးမီးယားလိဂ်ရှင်သန်ခွင့်အတွက် အဓိကပစ်မှတ်ထားဖို့ရှိလို့ လိဂ်ဖလားကို စောစောစီးစီးပဲ လက်လွှတ်ဖို့များပါတယ်။ ရှက်ဖီးဝင်းစ်ဒေးဘက်ကပဲ အရဲစွန့်ရပ် တည်ချင်တယ်။

myan789

မီဝေါလ် နှင့် ဘန်လေ (၂၄-၉-၂၀၂၀ နံနက် ၀၀:၃၀ နာရီ)
ဘန်လေကလည်း အခုပြိုင်ပွဲမှာ တတိယအဆင့်ကနေ ကျော်ဖြတ်နိုင်တာမျိုး မရှိတာတောင် အတော်လေးကြာပါပြီ။ မီဝေါလ်ဘက်က ရပ်တည်တာပိုကောင်းမယ်။

စတုတ်စီးတီး နှင့် ဂီလင်ဟမ် (၂၄-၉-၂၀၂၀ နံနက် ၀၀:၃၀ နာရီ)
ပြီးခဲ့တဲ့အဆင့်မှာ ဝုလ်ဗ်ကို စတုတ်စီးတီး ကျော်ဖြတ်လာခဲ့ပေမယ့် သိပ်မျှော်လင့်လို့တော့ မရဘူး။ ဂီလင်ဟမ်နဲ့ပဲ စွန့်စားတာ ပိုကောင်းမယ်။

လက်စတာ နှင့် အာဆင်နယ် (၂၄-၉-၂၀၂၀ နံနက် ၁:၁၅ နာရီ)
နှစ်သင်းစလုံးက အခုပွဲပြီးရင် ပရီးမီးယားလိဂ်ပွဲကျပ်တွေ ကစားရဖို့ရှိတယ်။ လက်စတာက မန်စီးတီး၊ အာဆင်နယ်က လီဗာပူးလ်အသင်းတွေနဲ့ အဝေးကွင်းကစားရဖို့ရှိနေတာက ဒီပွဲအပေါ် သက်ရောက်မှုရှိနိုင်တယ်။ အာဆင်နယ်က ပုံမှန်အားဖြင့်တော့ လိဂ်ဖလားမှာ အရန်ကစားသမားတွေကို ဦးစားပေးပွဲထုတ်လေ့ရှိပြီး နည်းပြ အာတီတာလည်း သူ့ရဲ့ပထမဆုံးလိဂ်ဖလား ပြိုင်ပွဲမှာ ဒီလမ်းစဉ်ကိုပဲ လိုက်ဖို့ရှိတယ်။ လက်စတာအသင်းလူစာရင်းမှာလည်း အပြောင်းအလဲရှိလာမှာသေချာနေပေမယ့် အာဆင်နယ်လောက်တော့ မများနိုင်ဘူး။ အာဆင်နယ်ကို အိမ်ကွင်းမှာ အသာစီးရထားတဲ့ လက်စတာ မိနစ်(၉၀)အတွင်းတော့ မရှုံးအောင် ကစားနိုင်တယ်။

ချယ်လ်ဆီး နှင့် ဘန်စလေ (၂၄-၉-၂၀၂၀ နံနက် ၁:၁၅ နာရီ)
ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်ကတော့ အခုပွဲမှာ ပထမကစားသမားတွေကို အနားပေးမှာသေချာနေပြီး ဘာကလေ၊ အေဘရာဟမ်၊ ဟတ်ဆန်အိုဒွိုင်း၊ ကာဘယ်လာရို၊ တိုမိုရီ၊ အက်ဇ်ပီလီကွယ်တာတို့နဲ့ ပွဲထွက်လာနိုင်တယ်။ အသင်းရဲ့ နေရာလုတိုက်ပွဲတွေအကြားမှာ ပုံမှန်ပွဲထွက်ခွင့်ပြန်ရဖို့ ကြိုးစားနေတဲ့ ကစားသမားတွေရဲ့အားထုတ်မှုက စောင့်ကြည့်ချင်စရာတော့ကောင်းနေတယ်။ ဘန်စလေအသင်းက လိဂ်ချန်ပီယံရှစ် ပွဲဦးထွက်(၂)ပွဲ အရေးနိမ့်ထားပေမယ့် လိဂ်ဖလားမှာတော့ ရလဒ်ကောင်းနေတာတွေ့ရတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်မှာတော့ ချယ်လ်ဆီး ဂိုးပြတ်လိမ့်မယ်။

မိုကမ်ဘီ နှင့် နယူးကာဆယ် (၂၄-၉-၂၀၂၀ နံနက် ၁:၁၅ နာရီ)
နယူးကာဆယ်က လိဂ်ဖလားကို အလေးထားလေ့မရှိပေမယ့် ဘရိုက်တန်နဲ့ပွဲမှာ အရှက်တကွဲအရေးနိမ့်ခဲ့တာက သက်ရောက်မှုရှိနိုင်တယ်။ နယူးကာဆယ် ဂိုးပြတ်မှာပါ။

ဖလိဝုဒ် နှင့် အဲဗာတန် (၂၄-၉-၂၀၂၀ နံနက် ၁:၁၅ နာရီ)
အဲဗာတန်က ရာသီအဖွင့်မှာ ရလဒ်ကောင်းတွေ တောက်လျှောက်ယူထားတယ်။ အဲဗာတန် လူမစုံနိုင်ပေမယ့် အရန်အင်အားတောင့်လို့ ဂိုးပြတ်ဖို့များတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular