spot_img

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လူစားဝင်ကစားသမားများ၏ ဂိုးသွင်းနိုင်မှုနှုန်း မြင့်တက်လာခဲ့ပြီး သွင်းဂိုးစုစုပေါင်း၏ (၁၅.၄%)အထိ သွင်းယူထား

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လူစားဝင်ကစားသမားများ၏ ဂိုးသွင်းနိုင်မှုနှုန်း မြင့်တက်လာခဲ့ပြီး သွင်းဂိုးစုစုပေါင်း၏ (၁၅.၄%)အထိ သွင်းယူထားကြောင်း သိရသည်။

ဘောလုံးသမားဘဝမှ အနားယူပြီးနောက် ဘောလုံးသုံးသပ်သူဂျာနယ်လစ်တစ်ဦးအဖြစ် ဆောင်ရွက်နေသည့် အက်ဒရီယန်ကလာ့ခ်က ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်တွင် နည်းစနစ်ပိုင်းသုံးသပ်မှု ပြုလုပ်ရာ၌ ယင်းကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

myan789

နောက်ဆုံး(၃)ရာသီမှ လူစားဝင်ကစားသမားများ၏ ဂိုးသွင်းနှုန်းနှင့် လက်ရှိရာသီ ဂိုးသွင်းနှုန်းကို နှိုင်းယှဉ်ခဲ့ရာ ယခင်က (၁၂.၂ %)သာ အများဆုံးရှိခဲ့ရာမှ ယခုရာသီတွင် (၁၅.၄%)အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၀-၂၁ ရာသီတွင် လူစားဝင်ကစားသမားများ၏ ဂိုးသွင်းနှုန်း (၈.၈%)ရှိခဲ့ပြီး ၂၀၂၁-၂၂ ရာသီတွင် (၉.၅ %)၊ ၂၀၂၂-၂၃ ရာသီတွင် (၁၂.၂%)ရှိခဲ့သည်။ ယခုရာသီ၌ ပွဲ ပေါင်း(၁၂၀)ယှဉ်ပြိုင်ပြီးချိန်၌ လူစားဝင်ကစားသမားများ၏ ဂိုးသွင်းနှုန်းမှာ (၁၅.၄%)ရှိနေခြင်းဖြစ်သည်။

ယခုကဲ့သို့ လူစားဝင်ကစားသမားများ၏ ဂိုးသွင်းနှုန်းမြင့်တက်လာခြင်းမှာ ပြီးခဲ့သည့်ရာသီမှစ၍ ကစားသမား(၅)ဦးအထိ လူစားလဲခွင့်ပြုလာခဲ့ခြင်းနှင့် ယခုရာသီတွင် နာကျင်အချိန်ပိုပွဲကစားချိန်ကို ပိုမိုတိုးမြှင့်ပေးလာခြင်းတို့ကြောင့် ဖြစ်ဖွယ်ရှိကြောင်း အက်ဒရီယန်ကလာ့ခ်က သုံးသပ်ခဲ့သည်။

လူစားဝင်ကစားသမားများ၏ သွင်းယူသောဂိုးအရေအတွက် အများဆုံးအဖြစ် အာဆင်နယ်နှင့် ဘရိုက်တန်တို့က (၇)ဂိုးစီဖြင့် ဦးဆောင်နေပြီး လူစားဝင်ကစားပြီး ဂိုးအများဆုံးသွင်းယူထားနိုင်သူအဖြစ် ဘိုင်လီ (အက်စတွန်ဗီလာ)နှင့် နူးနက်ဇ်(လီဗာပူးလ်)တို့က (၂)ဂိုးစီဖြင့် ဦးဆောင်လျက်ရှိသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular