spot_img

ယခုရာသီ ချန်ပီယံလိဂ်လက်ကျန်ပွဲစဉ်များကို လက်ခံကျင်းပခြင်းမှ ယူရိုသန်း (၅၀) ဝန်းကျင် ဝင်ငွေရရှိရန် ပေါ်တူဂီနိုင်ငံ မျှော်လင့်

၂၀၁၉-၂၀ ရာသီ ချန်ပီယံလိဂ် လက်ကျန်ပွဲစဉ်များကို လက်ခံကျင်းပမည့် ပေါ်တူဂီနိုင်ငံသည် ယင်းပြိုင်ပွဲမှ ယူရိုသန်း (၅၀)ဝန်းကျင် ဝင်ငွေရရှိရန် မျှော်လင့်နေကြောင်း သိရသည်။

ချန်ပီယံလိဂ်လက်ကျန်ပွဲစဉ်များကို ကွင်းပိတ်ကစားမည်ဖြစ်သော်လည်း ဘောလုံးပရိသတ်များအနေဖြင့် ပေါ်တူဂီနိုင်ငံသို့ လာရောက်ကြလိမ့်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းနေကြသည်။

myan789

၂၀၁၉ နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ၌ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဥရောပဘောလုံးရာသီမှာ ရပ်တန့်ခဲ့ရပြီး ယခုရာသီ ချန်ပီယံလိဂ်လက်ကျန်ပွဲစဉ်များကို သြဂုတ်လအတွင်း ကျင်းပမည်ဖြစ်သည်။ ကပ်ဘေးကာလအတွင်းဖြစ်သဖြင့် ဘောလုံးပွဲများကို ကွင်းပိတ်ကစားနေရဆဲဖြစ်ပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲများကို ပေါ်တူဂီတွင် ကျင်းပရန် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ (ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်များကို တစ်ကျော့တည်းသာ ကစားရမည်ဖြစ်သည်)

ပေါ်တူဂီနိုင်ငံအနေဖြင့် သြဂုတ်လ(၁၂) ရက်မှ (၂၃)ရက်အထိ ချန်ပီယံလိဂ်ပြိုင်ပွဲကို လက်ခံကျင်းပမည်ဖြစ်ပြီး ယင်းကာလအတွင်း ယူရိုသန်း (၅၀)ဝန်းကျင် ရရှိဖွယ်ရှိသည်ဟု စီမံခန့်ခွဲမှုနှင့် စျေးကွက်ပညာရပ်များကို ပို့ချနေသည့် ပေါ်တူဂီတက္ကသိုလ်မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒန်နီရယ်လ်ဆားက သုံးသပ်ပြောကြားခဲ့သည်။ ”ချန်ပီယံလိဂ်ပြိုင်ပွဲ ကျင်းပမယ့် (၁၂)ရက်တာကာလအတွင်း ပေါ်တူဂီနိုင်ငံကို ပရိသတ်(၁၅၀၀၀)ကျော် လာရောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကပ်ဘေးကြောင့် ကွင်းပိတ်ကစားရမှာဖြစ်ပေမယ့် ပြိုင်ပွဲကာလအတွင်း ပရိသတ်တွေအနေနဲ့ ပေါ်တူဂီကို လာရောက်ပျော်ပါးကြပါလိမ့်မယ်”ဟု ဒန်နီရယ်လ်ဆားက ပြောကြားခဲ့သည်။

ထို့ပြင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ တက်ရောက်သည့် (၈)သင်းစလုံးသည် ပြိုင်ပွဲကာလအတွင်း ပေါ်တူဂီနိုင်ငံတွင် နေထိုင်ရမည်ဖြစ်ရာ ယင်းမှလည်း ဝင်ငွေများရရှိမည်ဖြစ်သည်။

ချန်ပီယံလိဂ်ပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရရှိခြင်းမှာ ပေါ်တူဂီအတွက် အပေါင်းသဘောဆောင်ကြောင်း ဆားက သုံးသပ်ခဲ့သည်။ ၎င်းက ”ချန်ပီယံလိဂ်ပြိုင်ပွဲကို လက်ခံကျင်းပခြင်းကနေ ပေါ်တူဂီနိုင်ငံအနေနဲ့ ယူရို သန်း (၅၀) ဝန်းကျင်ရရှိမယ်လို့ ယုံကြည်ပါတယ်။ ပြိုင်ပွဲကာလက ပေါ်တူဂီအတွက် အလွန်အရေးပါတဲ့အခိုက်အတန့် ဖြစ်လာမှာပါ”ဟု ဆိုခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular