spot_img

ယခုရာသီပရီးမီးယားလိဂ်တွင် စုစုပေါင်းသွင်းဂိုး (၁၀၈၄)ဂိုးရှိခဲ့ပြီး (၃၈)ပွဲယှဉ်ပြိုင်သည့်ခေတ်၌ သွင်းဂိုးအများဆုံးရာသီအဖြစ် စံချိန်တင်

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ၂၀၂၂-၂၃ ရာသီ နောက်ဆုံး ပွဲစဉ်(၃၈)ကို ပြီးခဲ့သည့်တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့ရာ (၁၀)ပွဲစလုံး ဂိုးသွင်းနိုင်ခဲ့ပြီး (၃၃)ဂိုးရှိခဲ့သည့်အတွက် တစ်ရာသီလုံး စုစုပေါင်းသွင်းဂိုး(၁၀၈၄)ဂိုးရှိခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပထမဆုံးကျင်းပခဲ့သည့် (၃)ရာသီတွင် ပြိုင်ပွဲဝင်အသင်းအရေအတွက် (၂၂)သင်းပါဝင်ပြီး တစ်သင်းလျှင် ပွဲစဉ်(၄၂)ပွဲဖြင့် တစ်ရာသီလျှင် ပွဲပေါင်း (၄၆၂)ပွဲရှိခဲ့သည်။ ၁၉၉၅-၉၆ ရာသီမှ လက်ရှိရာသီအထိမှာ ပြိုင်ပွဲဝင်အသင်းအရေအတွက် (၂၀)ပါဝင်ပြီး တစ်သင်းလျှင် ပွဲစဉ်(၃၈)ပွဲဖြင့် တစ်ရာသီလျှင် ပွဲပေါင်း(၃၈၀)ရှိနေသည်။ ယခုရာသီ၏ သွင်းဂိုးစံချိန်မှာ တစ်ရာသီလျှင် ပွဲပေါင်း(၃၈၀) ကစားရသည့်ကာလ၌ အများဆုံးအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံး(၃)ရာသီမှာ လက်ရှိထက် ပွဲပေါင်း(၆၂)ပွဲ ပိုမိုသည့်အတွက် ယင်းအချိန်က သွင်းဂိုးအရေအတွက်ကို လိုက်မီခြင်းမရှိသော်လည်း ဂိုးသွင်းနှုန်းအရဆိုပါက ယင်းရာသီများထက် ပိုမိုသာလွန်ခဲ့သည်။ ပွဲပေါင်း(၃၈၀)ယှဉ်ပြိုင် ကစားသည့်ခေတ်တွင် ယခုရာသီမတိုင်မီက သွင်းဂိုးအများဆုံးအဖြစ် စံချိန်တင်ထားသည်မှာ ၂၀၁၈-၁၉ ရာသီ၌ (၁၀၇၂)ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။ ယခုရာသီတွင် နောက်ဆုံးပွဲစဉ်မတိုင်မီ၌ စုစုပေါင်းသွင်းဂိုး(၁၀၅၁)ဂိုးရှိနေခဲ့ပြီး ၂၀၁၈-၁၉ ရာသီ၏စံချိန်ကို လိုက်မီစေမည့်ဂိုးအား အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူးက ဝုလ်ဗ်နှင့်ပွဲတွင် သွင်းယူခဲ့သည်။ ထို့နောက် ဘုန်းမောက်ဘက်သို့ သွင်းယူခဲ့သည့် အဲဗာတန် ကွင်းလယ်လူ ဒူကူဟေ၏ သွင်းဂိုးဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

myan789

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နောက်ဆုံးပွဲစဉ်၌ ဂိုးသွင်းနှုန်းမြင့်မားလေ့ရှိပြီး ယခုရာသီအပါအဝင်နောက်ဆုံး(၈)ရာသီ ဆက်တိုက် ဂိုး(၃၀)အထက် သွင်းယူခဲ့သည်။ ပြီးခဲ့သည့်ရာသီတွင် နောက်ဆုံးပွဲစဉ်၌ (၃၉)ဂိုးအထိ သွင်းယူခဲ့သော်လည်း တစ်ရာသီလုံးတွင် (၁၀၇၁)ဂိုးသာရှိခဲ့သည်။ ယခုရာသီမှာ ပြီးခဲ့သည့်ရာသီထက် ဂိုးမသွင်းနိုင်သည့် (ဝ-၀)ပွဲအရေအတွက် တိုးလာခဲ့သော်လည်း နှစ်သင်းပေါင်း(၆)ဂိုးနှင့်အထက် သွင်းယူနိုင်သည့်ပွဲအရေအတွက်မှာလည်း (၃၃)ပွဲအထိ ရှိခဲ့သည့်အတွက် ယခုကဲ့သို့ စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပရီမီးယားလိဂ်ဝက်ဘ်ဆိုက်က သုံးသပ်ဖော်ပြခဲ့သည်။ ထို့ပြင် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ မန်စီးတီး တိုက်စစ်မှူး ဟော်လန်းက ပြိုင်ပွဲသမိုင်းတစ်လျှောက် စံချိန်တင်သွင်းဂိုးအရေအတွက်ဖြစ်သည့် (၃၆)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို၊ ဒုတိယနေရာတွင် ရပ်တည်ခဲ့သည့် စပါးတိုက်စစ်မှူး ဟာရီကိန်းကလည်း ဂိုး(၃၀)သွင်းယူနိုင်ခဲ့သည်။ ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုအတွက် ပြိုင်ဆိုင်မှုတွင် ပထမနှင့် ဒုတိယနေရာမှ ကစားသမားနှစ်ဦးစလုံး ဂိုး(၃၀)နှင့်အထက် သွင်းယူနိုင်ခဲ့ခြင်းမှာ ၂၀၁၇-၁၈ ရာသီနောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါရာသီတွင်လည်း ဟာရီကိန်းသည် ဂိုး(၃၀)ဖြင့် ဆာလာ(၃၂ ဂိုး)၏နောက် ဒုတိယနေရာတွင်သာ ရပ်တည်ခဲ့ရခြင်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular