spot_img

ယခုပုံစံအတိုင်း ဆက်ကစားနေမည်ဆိုပါက နာပိုလီကို ရှုံးပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှပါ ထွက်ခွာရမည်ဟု မက်ဆီ ဆို

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက မိမိတို့အနေဖြင့် လက်ရှိပုံစံအတိုင်း ဆက်ကစားနေမည်ဆိုပါက နာပိုလီအသင်းကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှပါ ထွက်ခွာရလိမ့်မည်ဟု ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက မိမိတို့အနေဖြင့် လက်ရှိပုံစံအတိုင်း ဆက်ကစားနေမည်ဆိုပါက နာပိုလီအသင်းကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှပါ ထွက်ခွာရလိမ့်မည်ဟု ပြောကြားခဲ့သည်။

myan789

ဘာစီလိုနာအသင်းသည် ယခုရာသီ လာလီဂါပြိုင်ပွဲတွင် အမှတ်ပေးဇယားကို ရာသီအစပိုင်းကတည်းက တောက်လျှောက်ဦးဆောင်နိုင်ခဲ့သော်လည်း COVID-19 ကာလအတွင်း ကစားသည့်ပွဲစဉ်များတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်ခဲ့ရပြီး လာလီဂါချန်ပီယံဆုကို မဟာပြိုင်ဘက် ရီးယဲလ်အသင်းထံ လွှဲပြောင်းပေးခဲ့ရသည်။

ဇူလိုင်လ (၁၆)ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် ဘာစီလိုနာ (၁-၂) အိုဆာဆူနာပွဲအပြီးတွင် မက်ဆီသည် အသင်းကစားပုံကို ဝေဖန်ခဲ့ပြီး ယခုပုံစံအတိုင်ဆက်ကစားမည်ဆိုပါက ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် နာပိုလီအသင်းကို ရှုံးလိမ့်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

မက်ဆီက “ဒီရာသီကို ဖလားလက်မဲ့အဖြစ်နဲ့တော့ ကျွန်တော်တို့ အဆုံးမသတ်ချင်ပါဘူး။ ဒါပေမဲ့ ဒီနေ့ပွဲက ကျွန်တော်တို့ရဲ့ အခြေအနေကို ပြသလိုက်တာပါပဲ။ ကျွန်တော်တို့အသင်းက ခြေစွမ်းတစ်သမတ်တည်းမရှိဘူး။ အရမ်းအားနည်းတယ်။ ဒါကြောင့် ကျွန်တော်တို့ အမှတ်တွေ အများကြီး ဆုံးရှုံးခဲ့ရတာပါ။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ရမယ်။ ရီးယဲလ်အသင်းက သူ့အလုပ်သူ လုပ်သွားတာပါ။ ဒါပေမဲ့ သူတို့ကို ကျွန်တော်တို့ အများကြီး ကူညီလိုက်သလိုပါပဲ။ တကယ်လို့ ကျွန်တော်တို့အနေနဲ့ ချန်ပီယံလိဂ်ဖလား လိုချင်တယ်ဆိုရင်တော့ အများကြီး ပြောင်းလဲရပါလိမ့်မယ်။ ဒီပုံစံအတိုင်း ဆက်ကစားနေမယ်ဆိုရင်တော့ နာပိုလီနဲ့ပွဲမှာ ကျွန်တော်တို့ ရှုံးဦးမှာပါ”ဟု ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် သြဂုတ်လ (၈)ရက်တွင် နာပိုလီအသင်းကို အိမ်ကွင်း နူးကမ့်၌ လက်ခံကစားရမည်ဖြစ်သည်။ ပထမအကျော့တွင် (၁-၁)ဂိုးဖြင့် သရေကျထားသဖြင့် ဘာစီလိုနာအသင်းအနေဖြင့် ကွာတားဖိုင်နယ်တက်ရန် အခြေအနေကောင်းနေကြောင်း မီဒီယာများက သုံးသပ်နေကြသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular