ဘယ်လ်ဂျီယံအခြေစိုက် Sport/Voetbalmegazine နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် လူကာကူက ၎င်းင်း၏ ခြေစွမ်းတိုးတက်မှုအတွက် လက်ရှိနည်းပြ ကွန်တီကို ကျော်၍ နည်းပြဟောင်း မော်ရင်ဟိုနှင့် နိုင်ငံအသင်းနည်းပြ မာတီနက်ဇ်တို့ကို ကျေးဇူးတင်စကားဆိုခဲ့ခြင်းဖြစ်သည်။
အင်တာမီလန်တိုက်စစ်မှူး လူကာကူက ယခု မြင်တွေ့နေရသည့် ခြေစွမ်းအဆင့်သို့ မိမိ တိုးတက်လာခဲ့ခြင်းမှာ မော်ရင်ဟိုနှင့် ရောဘတ်တိုမာတီနက်ဇ်တို့၏ သင်ကြားမှုကြောင့်ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။
ဘယ်လ်ဂျီယံအခြေစိုက် Sport/Voetbalmegazine နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် လူကာကူက ၎င်းင်း၏ ခြေစွမ်းတိုးတက်မှုအတွက် လက်ရှိနည်းပြ ကွန်တီကို ကျော်၍ နည်းပြဟောင်း မော်ရင်ဟိုနှင့် နိုင်ငံအသင်းနည်းပြ မာတီနက်ဇ်တို့ကို ကျေးဇူးတင်စကားဆိုခဲ့ခြင်းဖြစ်သည်။
လူကာကူက “မော်ရင်ဟိုက အသင်းနဲ့ ပိုပြီး အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့ သင်ပေးခဲ့ပါတယ်။ ဖိအားပေးတဲ့နေရာမှာရော၊ ကွင်းထဲ နေရာယူပုံမှာရောပေါ့။ အခု သူ ဟာရီကိန်းနဲ့ အလုပ်လုပ်နေတာကိုပဲ ကြည့်လိုက်ပါ။ ကျွန်တော်က ဂိုးပေါက်ကို ဦးတည်ပြီး ကစားရင် ပိုအန္တရာယ်ကြီးတယ်။ ကျွန်တော်က မြန်ပြီး ကျော်ပြေးနိုင်တာကြောင့်ပါ။ ဒါက ကျွန်တော် အရင်က ကစားတဲ့ပုံဖြစ်ပြီး ကျွန်တော့်အသင်းတွေက Counter ကစားတာကြောင့်လည်း ပါတယ်။ ဒါပေမဲ့ နိုင်ငံအသင်းက ကစားပုံပြောင်းဖို့ ကျေးဇူးပြုပေးခဲ့ တယ်။ ဘယ်လ်ဂျီယံနဲ့ဆိုရင် ဘောလုံးပိုင်ဆိုင်မှု ပိုရပြီး နေရာလွတ်တွေက ကျဉ်းပါတယ်။ မာတီနက်ဇ်က ကျွန် တော် ဂိုးပေါက်ကို ကျောပေးပြီးကစားတဲ့အခါ သက်သောင့်သက်သာရှိစေဖို့ သူ လုပ်နိုင်သမျှ အကုန်လုပ်ပေးခဲ့သူပါ။ နိုင်ငံအသင်းမှာရော၊ အဲဗာတန် မှာ ကစားတုန်းကရောပေါ့”ဟု ဖွင့်ဟခဲ့သည်။
လူကာကူသည် စီးရီးအေနောက်ဆုံး(၇)ပွဲတွင် (၆)ဂိုးသွင်းယူနိုင်မှု အပါအဝင် (၁၃) ပွဲတွင် (၁၁) ဂိုးအထိ သွင်းယူထားခဲ့ပြီး ၂၀၂၀ ခုနှစ်အတွင်း အင်တာအသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုးပေါင်း (၃၅) ဂိုး အထိ သွင်းယူထားခဲ့သည်။
ထို့ပြင် လူကာကူသည် မိခင်နိုင်ငံ ဘယ်လ်ဂျီယံအသင်းကိုယ်စားပြုကစားသည့် နိုင်ငံတကာပွဲ (၈၉) ပွဲတွင် (၅၇) ဂိုးအထိ သွင်းယူထားပြီး အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။