spot_img

မော်ရင်ဟိုကို စိတ်ဒုက္ခတွေ ပေးသွားဖို့ ရှိနေတဲ့ ခရစ္စတီယာနို ရော်နယ်ဒို

အီတလီမြေမှ ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ ဂျူဗင်တပ် အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ တူရင် မြေမှာပဲ ဆက်လက် ရှိနေလိမ့်မယ်လို့ သိလိုက်ရ ပါတယ် ။ အသက် 36 နှစ် ရှိနေပြီ ဖြစ်တဲ့ ရော်နယ်ဒိုဟာ ဒီနှစ်ပြီးရင် ဂျူဗင်တပ် အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံး သွားဖို့ ရှိနေပါတယ် ။

အကယ်လို့ သူ့ကိုသာ ဒီရာသီ အတွင်း ဂျူဗင်တပ်တို့ ရောင်းချခြင်း ၊ စာချုပ် သက်တမ်း တိုးခြင်း မပြုလုပ် နိုင်ခဲ့ရင် လာမဲ့ ဘောလုံး ရာသီမှာ အလွတ် ပြောင်းရွှေ့ကြေး နဲ့ အဆုံးရှုံးခံရမှာပဲ ဖြစ်ပါတယ် ။ အခြားတစ်ဖက် မှာတော့ ဂျူဗင်တပ် အသင်း ကုန်ကျစရိတ်တွေ လျှော့ချဖို့ အတွက် ရော်နယ်ဒိုရဲ့ လစာပေးချေမှု မြင့်မားခြင်းကို လျှော့ချဖို့ ကြံရွယ် နေပါတယ် ။

myan789

ဒါပေမဲ့ ကစားသမား ကိုယ်တိုင်ရဲ့ ခြေစွမ်းကလည်း တကယ့်ကို ကောင်းမွန်နေသေးတဲ့ အတွက် ကစားသမားရဲ့ လစာငွေ လျှော့ချသွားဖို့ ဂျူဗင်တပ်တို့ အခက်တွေ့ နေခဲ့ကြ ပါတယ် ။ ဘယ်လိုပဲ ဖြစ်နေပါစေ ၊ အသက် 36 နှစ် အရွယ် ကစားသမား အတွက် တစ်နှစ် ပေါင် 46.7 သန်း ပေးချေရတာကတော့ များလွန်းတယ်လို့ ဆိုလို့ ရနိုင်ပါတယ် ။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ 2018 ခုနှစ် တုန်းက ရီးယဲ မက်ဒရစ် အသင်းမှ ဂျူဗင်တပ် အသင်းဆီ ပေါင် သန်း 100 နဲ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပြီး ကစားပေးခဲ့တဲ့ 3 ရာသီ အတွင်း သွင်းဂိုး 100 ကျော် သွင်းယူ ပေးထားနိုင်ခဲ့ ပါတယ် ။ သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းကလည်း စီးရီအေ ပြိုင်ပွဲမှာ အသင်းအတွက် 33 ပွဲ ကစားပေးခဲ့ပြီး 29 ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့ ပါတယ် ။

လက်ရှိ သူ့ရဲ့အနာဂတ် မသေချာသေးတဲ့ အခိုက်အတန့်တွေမှာ ရော်နယ်ဒိုဟာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြန်ပြောင်းနိုင်တယ်လို့ သတင်းတွေ ထွက်နေခဲ့သလို ပြင်သစ် လီဂူးဝမ်း ထိပ်သီး PSG အသင်းကလည်း သူ့ကို ခေါ်ယူနိုင်ခြေ ရှိတယ်လို့ ကောလဟာလတွေ ထွက်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ အခုတော့ အီတလီမှ သတင်းတွေက ရော်နယ်ဒိုဟာ တူရင်မြေမှာပဲ ဆက်ရှိနေမယ်လို့ အခိုင်အမာ ဖော်ပြနေခဲ့ကြပါပြီ ။

အခုလို သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ ဂျူဗင်တပ် ပရိသတ်တွေဟာ ပျော်ရွှင်နေကြမှာ ဖြစ်ပေမဲ့ တစ်ဦး တစ်ယောက်က စိတ်ဒုက္ခတွေ ရောက်နေမှာ အသေ အချာ ပါပဲ ။ အဲ့တာက အခြားသူ မဟုတ်ပါဘူး ၊ ဒီနွေမှာ စီးရီးအေ ထိပ်သီး ရိုးမား အသင်းဆီ ပြောင်းရွှေ့ သွားခဲ့တဲ့ နည်းပြ ဟိုဆေး မော်ရင်ဟိုပဲ ဖြစ်ပါတယ် ။

ဟိုဆေး မော်ရင်ဟို ဆိုတာ 2010 နဲ့ 2013 ခုနှစ် အကြား ရီးယဲ မက်ဒရစ် အသင်းမှာ စီ ရော်နယ်ဒို နဲ့ အတူ တွဲဖက် အလုပ် လုပ်ဖူးသူ ဖြစ်တဲ့ အတွက် တစ်နိုင်ငံတည်းသား ဖြစ်တဲ့ ပေါ်တူဂီ လက်ရွေးစင်အကြောင်း ကောင်းကောင်း သိသူပဲ ဖြစ်ပါတယ် ။ အခုတော့ သူဟာ တပည့်ဟောင်း ဖြစ်သူကို အီတလီ မြေမှာ ပြိုင်ဖက် အဖြစ် ရင်ဆိုင်ရပါတော့မယ် ။

ဟိုဆေး မော်ရင်ဟို ဆိုတာ အီတလီ မြေကို ရောက်ရှိပြီး လုပ်ဆောင်ခဲ့တဲ့ ပထမဆုံး အင်တာဗျူး အစီအစဥ်မှာထဲက တပည့်ဟောင်း ဖြစ်သူ အီတလီ မြေမှ ထွက်သွားတာ ပိုကောင်းလိမ့်မယ်လို့ ​ဟာသလုပ်ခဲ့ဖူးသလို သူသာ ခံစစ်မှူး တစ်ယောက် ဖြစ်မယ်ဆိုရင် ရော်နယ်ဒိုကို ဟန့်တားဖို့ လူချ ကစားသွားမှာ ဖြစ်ကြောင်း အရွှန်းဖောက်ခဲ့ပါသေးတယ် ။

” သူ အခုပဲ အီတလီ မြေမှ ထွက်ခွာ သွားသင့် ပါတယ် ။ ကျွန်တော့်ကို ငြိမ်းချမ်းစွာ ထားခဲ့သင့် ပါတယ် ။ လူတိုင်း ဒီလိုပဲ ပြောခဲ့ကြသလို ကျွန်တော်လည်း တူညီတဲ့ စကားတွေပဲ ပြောချင်ပါတယ် ။ သူက အသက် 25 နှစ် ကောင်လေး မဟုတ်တော့ ပါဘူး ။ သူ့ အသက် 36 နှစ်ပါ ။ သူက တစ်နှစ် ဂိုး 50 သွင်းပေးမှာ မဟုတ်တော့ပါဘူး ။ ဒါပေမဲ့ 35 ဂိုးလား ? သူ သွင်းနိုင်ပါသေးတယ် ။ သူ့ရဲ့ မှတ်တမ်းတွေက အံ့ချီးဖွယ် ပါပဲ ။ မှတ်တမ်းတွေက စကားပြောပါတယ် ” လို့ မော်ရင်ဟိုက ပြောခဲ့ဖူးပါသေးတယ် ။

အခုတော့ ခရစ္စတီယာနို ဟာ ဂျူဗင်တပ် အသင်းမှာပဲ ဆက်လက် ရှိနေမှာ ဖြစ်တဲ့ အတွက် မော်ရင်ဟို ရဲ့ ဆန္ဒတွေဟာ ပြည့်ဝတော့မှာ မဟုတ်တော့ ပါဘူး ။ သူဟာ အီတလီမြေမှာ တပည့်ဟောင်းကို ပြိုင်ဖက်အဖြစ်နဲ့ ရင်ဆိုင်ရပါတော့မယ် ။ ဒါဟာ သူ့အတွက် စိတ်ဒုက္ခ တစ်မျိုး ဖြစ်နေမလားဆိုတာ စောင့်ကြည့်ရပါတော့မယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular