spot_img

မီလန်ဒါဘီတွင် ဂိုးသွင်းယူခဲ့ပြီးနောက် မိမိကိုယ်မိမိ”နတ်ဘုရား”ဟုတင်စားပြီး အီဘရာဟီမိုဗစ်ကို လူကာကူ လှောင်ပြောင်

အင်တာမီလန်အသင်း၏တိုက်စစ်မှူး လူကာကူသည် အေစီမီလန်အသင်းကို (၃-၀)ဂိုးဖြင့် အနိုုင်ရရှိခဲ့သည့်ပွဲတွင် အသင်းအတွက် ဂိုးသွင်းယူခဲ့ပြီးနောက် အောင်ပွဲခံရာတွင် သူ့ကိုယ်သူ ”နတ်ဘုရား”ဟု တင်စားခေါ်ဆိုခဲ့ပြီး၊ အေစီမီလန်တိုက်စစ်မှူး အီဘရာ ဟီမိုဗစ်ကို လှောင်ပြောင်ခဲ့ကြောင်း သိရှိရသည်။

လူကာကူနှင့် အီဘရာဟီမိုဗစ်တို့သည် ပြီးခဲ့သည့်လအတွင်းက ကစားခဲ့သည့် ကိုပါအီတာလီယာဖလား၊ ကွာတားဖိုင်နယ်ပွဲစဉ်တွင် အကြီးအကျယ်အချင်းများခဲ့ကြပြီး၊ ထိုအချိန်က အီဘရာဟီမိုဗစ်သည် လူကာကူအား ကြမ်းတမ်းသည့် လှောင်ပြောင် ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

myan789

၎င်းတို့နှစ်ဦးသည် မန်ယူအသင်းတွင် အတူကစားခဲ့ကြဖူးပြီး၊ အီဘရာဟီမိုဗစ်က အင်တာဗျူးတစ်ခုတွင် လူကာကူ၏ ဘောလုံးအထိန်းအသိမ်း၊ ဘောလုံးဦးနှောက်တို့နှင့်ပတ်သက်ပြီး ဝေဖန်မှုများလည်း ပြုလုပ်ခဲ့ဖူးကြောင်း သိရှိရသည်။

ယခု အင်တာမီလန်အသင်းက အနိုင်ရခဲ့သည့်ပွဲတွင်မူ လူကာကူသည် ဂိုးသွင်းယူခဲ့ပြီးနောက် ”God”ဟု သူ့ကိုယ်သူ လက်ညှိုးညွှန်ကာ ဆိုခဲ့ခြင်းဖြစ်ပြီး အီဘရာဟီမိုဗစ်ကို ရည် ရွယ်လှောင်ပြောင်ခဲ့ခြင်းလည်း ဖြစ်သည်။

အီဘရာဟီမိုဗစ်သည် မကြာသေးမီက ”မီလန်မြို့မှာ ဘယ်တုန်းကမှ ဘုရင် မရှိခဲ့ဖူးဘူး။ အခုတော့ နတ်ဘုရားတစ်ပါးကို ပိုင်ဆိုင်ထားပါပြီ”ဟု ပြောခဲ့ဖူးခြင်းအပေါ် လှောင်ပြောင်ခဲ့ခြင်းလည်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular