အက်စတွန်ဗီလာနည်းပြ စတီဗင်ဂျရတ်က မိမိတို့ လှောင်ပြောင်ခံရမှုနှင့် ထိုက်တန်ပြီး ပရိသတ်များ၏ စိတ်ပျက်မှုကို နားလည်သည်ဟု ပြောကြားခဲ့သည်။
သို့သော် မိမိတို့တွင် အရည်အသွေးမြင့် ကစားသမားများ ရှိနေသောကြောင့် လူမှန်နေရာမှန် ဖြစ်လာခဲ့ပါက အသင်း၏အခြေအနေ တိုးတက်လာလိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ဆိုခဲ့သည်။
ဂျရတ်က “(၄)ပွဲမှာ (၃)ပွဲရှုံးနိမ့်ခဲ့တာက ကျွန်တော်ရော ပရိသတ်တွေပါ လိုချင်တဲ့ ရာသီစတင်မှု မဟုတ်ပါဘူး။ ဒီအတွက် ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အရည်အသွေးမြင့် ကစားသမားတွေရှိနေပြီး အကောင်းဆုံးကစားသမားတွေကို နေရာမှန်မှာ အသုံးပြုနိုင်ဖို့ပဲ လိုတာပါ။ ဒါကို ဖြေရှင်းနိုင်အောင် ကြိုးစားသွားမှာပါ”ဟု ပြောကြားခဲ့သည်။
အက်စတွန်ဗီလာအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၅ အဖြစ် ယနေ့ညတွင် အာဆင်နယ်အသင်းနှင့် အဝေးကွင်းပွဲစဉ်ကစားရမည်ဖြစ်သည်။