spot_img

မာရက်ဇ်ရဲ့သွင်းဂိုးတွေနဲ့ အီတီဟတ်ဒ်မှာ နိုင်ပွဲထပ်ယူပြီး ပထမဆုံးအကြိမ်ဗိုလ်လုပွဲတက်ခဲ့တဲ့ မန်စီးတီး

အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်ရောက်ရှိခဲ့တာ၊ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသောအသင်းဖြစ်နေတာ၊ နည်းပြဂွါဒီယိုလာအတွက် ၂၀၁၀-၁၁ ရာသီနောက်ပိုင်း ဆယ်စုနှစ်တစ်ခုအတွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တစ်ကျော့ပြန်တက်လှမ်းနိုင်ခဲ့တာ စတဲ့ မှတ်တမ်းတွေနဲ့ အီတီဟတ်ဒ်ကွင်းက မန်စီးတီးရဲ့နိုင်ပွဲက ချိုမြိန်လွန်းခဲ့ပါတယ်။

PSG အသင်းကို ပထမအကျော့ ပြင်သစ်မြေမှာ (၂-၁)ဂိုးနဲ့အနိုင်ရထားလို့လည်း မန်စီးတီးဖိအားနည်းခဲ့တယ်ဆိုပေမဲ့ လွယ်ကူတဲ့ပွဲတစ်ပွဲတော့မဖြစ်ခဲ့ပါဘူး။

myan789

ဂွါဒီယိုလာဟာ မန်စီးတီးအသင်းတိုက်စစ်ပိုင်းမှာ ဘာနာဒိုဆေးလ်ဗားနဲ့ ဒီဘရိုင်းနားကို တွဲဖက်ပွဲထွက်စေခဲ့ပြီး ဂွန်ဒိုဂန်၊ ဖာနန်ဒင်ဟို၊ မာရက်ဇ်၊ ဖိုဒန်တို့ရဲ့ကွင်းလယ်ကစားအားနဲ့ PSG အသင်းကိုအသာစီးယူဖို့ကြိုးစားခဲ့ပါတယ်။

ဒဏ်ရာပြဿနာကြောင့် အဓိက ကစားသမား ဘာပေမပါဝင်နိုင်တဲ့ PSG အသင်းကလည်း တိုက်စစ်မှာ အီကာဒီ၊ နေမာ၊ ဒီမာရီယာတို့ကိုတွဲဖက်ခဲ့ပြီး ဗာရက်တီ၊ ပါရေဒက်စ်၊ ဟာရဲရားတို့ရဲ့ ကွင်းလယ်ပိုင်းအားပျော့မှုက မန်စီးတီးအသင်းကိုယှဉ်ကစားဖို့
ခက်ခဲ့ပါတယ်။

ပွဲစကတည်းက အိမ်ရှင်အသင်းပီပီ မန်စီးတီးအသင်း ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ တည်တည်ငြိမ်ငြိမ်ကစားနိုင်ခဲ့ပြီး PSG အသင်းကတော့ နေမာ၊ ဒီမာရီယာတို့ရဲ့ လျင်မြန်မှုနဲ့ မန်စီးတီးခံစစ်ကိုဖိအားပေးဖို့ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ ပွဲအစ (၁၁)မိနစ်မှာပဲ မာရက်ဇ်ရဲ့သွင်းဂိုးနဲ့အတူ မန်စီးတီးအသင်းဦးဆောင်ဂိုးရသွားချိန်မှာ PSG အသင်းဖိအားဝင်သွားခဲ့ပြီး ကစားပုံအရလည်း တည်ငြိမ်မှုပျက်သွားခဲ့ပါတယ်။

PSG အသင်းက တန်ပြန်တိုက်စစ်တွေနဲ့ ဖိအားပေးဖို့ကြိုးစားခဲ့ပေမဲ့လည်း ရူဘင်ဒီယက်ဇ်ဦးဆောင်တဲ့ မန်စီးတီးခံစစ်ရဲ့တည်ငြိမ်မှုကြောင့်အလုပ်မဖြစ်ခဲ့ပါဘူး။

မန်စီးတီးအသင်းဟာ ပထမအကျော့အဝေးကွင်းမှာရော၊ ဒုတိယအကျော့အိမ်ကွင်းမှာပါ ဒီပြိုင်ပွဲရဲ့ရေပန်းအစားဆုံးအသင်းဆိုတဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်တဲ့ခြေစွမ်းကိုပြသနိုင်ခဲ့ပြီး PSG အသင်းကို အဖက်ဖက်ကအသာစီးယူနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ (၁-ဝ)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး PSG အသင်းချေပဂိုးတွေရဖို့ကြိုးစားလာတဲ့ ဒုတိယပိုင်းမှာ ပွဲရဲ့အရှိန်ကပိုပြီးမြင့်တက်လာခဲ့ပါတယ်။

ဒါပေမဲ့ မန်စီးတီးအသင်းကပဲ ပွဲကိုပိုထိန်းချုပ်နိုင်တဲ့အသင်းဖြစ်ခဲ့ပြီး တိုက်စစ်ကစားပုံမှာလည်း တိုက်စစ်မှူးစစ်မပါပေမဲ့ PSG အသင်းရဲ့တိုက်စစ်ထက်ပိုပြီး ကောင်းမွန်တဲ့ကစားဟန်ကိုပြသနိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းဖိအားပေးကစားရင်းနဲ့ပဲ ပွဲချိန် (၆၃)မိနစ်မှာ ဖိုဒန်ရဲ့ပေးပို့မှုကနေ မာရက်ဇ်က ဒုတိယဂိုးကိုသွင်းယူလိုက်ပြီးချိန်မှာပဲ ပွဲကပြီးဆုံးသလောက်ဖြစ်သွားခဲ့ပါတယ်။

PSG နည်းပြပိုချက်တီနိုဟာ ဂိုးတွေလိုအပ်နေချိန်မှာ အရန်ခုံတန်းမှာရှိနေတဲ့ ဘာပေကို ဘာကြောင့် ကွင်းထဲမထည့်ခဲ့လဲဆိုတာကတော့ တွေးစရာဖြစ်ခဲ့တာအမှန်ပါ။

အီကာဒီရော အီကာဒီအစားဝင်လာတဲ့ မွိုက်စ်ကိန်းပါ မန်စီးတီးခံစစ်ကို ဖိအားပေးနိုင်လောက်တဲ့ အရည်အသွေးမျိုးမရှိခဲ့ဘဲ ဟာရဲရားအစားဝင်လာတဲ့ ဒရက်ဇ်လာကလည်း သာမန်စွမ်းဆောင်ရည်ပဲရှိခဲ့ပါတယ်။

PSG အသင်းအတွက် ပိုပြီးစိတ်ပျက်စရာကောင်းတာက ပွဲချိန် (၆၉)မိနစ်မှာ ဒီမာရီယာဟာ မန်စီးတီးကွင်းလယ်လူ ဖာနန်ဒင်ဟိုကို ကွင်းစည်းအပြင်မှာ ဘောလုံးလောက်ရင်း ရည်ရွယ်ချက်ရှိရှိနင်းခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါပဲ။

ဒီမာရီယာထွက်သွားပြီးချိန်မှာတော့ လက်ကျန်မိနစ်တွေဟာ မန်စီးတီးအသင်းရဲ့ စိတ်ကြိုက်ဖြစ်သွားခဲ့ပြီး ပွဲကိုလိုသလိုထိန်းကျောင်းကစားသွားခဲ့တာပါ။

မန်စီးတီးအသင်းနောက်ထပ်ဂိုးရဖို့ နီးစပ်တဲ့အခွင့်အရေးတွေရှိခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့လို့လည်း PSG အသင်းသက်သာရာရခဲ့ပါတယ်။

နှစ်သင်းစလုံးဂိုးတွေမသွင်းနိုင်တော့လို့ (၂-ဝ)ဂိုးရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး မန်စီးတီအသင်းပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဗိုလ်လုပွဲတက်လှမ်းနိုင်ခဲ့သလို သူတို့အသင်းအလိုချင်ဆုံးအောင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်ဆုဖလားအတွက် နီးစပ်မှုတစ်ခုဆီ ခြေတစ်လှမ်းထပ်တိုးနိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular