ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုက ယူနိုက်တက်ကို ၁-၁ သရေကျခဲ့တဲ့ပွဲမှာ တန်ဟက်ရဲ့ပွဲထုတ်ပုံနဲ့ပတ်သက်ပြီး အံ့သြမိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ တန်ဟက်ဟာ ဖီနာဘာချီနဲ့ပွဲမှာ ညာနောက်ခံလူ မာဇာအူရီကို နံပတ် ၁၀ နေရာမှာ ကစားစေခဲ့တာဖြစ်ပါတယ်။ ပေါ်တိုနဲ့ပွဲမှာ အနီကတ်ထိခဲ့တာကြောင့် ဖာနန်ဒက်စ်မပါဝင်နိုင်ချိန်မှာ တန်ဟက်က မာဇာအူရီကို သူ့နေရာမှာ အစားထိုးခဲ့တာဖြစ်ပါတယ်။
အဆိုပါပွဲထုတ်ပုံနဲ့ပတ်သက်ပြီး မော်ရင်ဟိုက အံ့အားသင့်နေပြီး မော်ရင်ဟိုက အမရာဘတ်ကြောင့် မော်ရိုကိုသား အဆိုပါနေရာမှာ ပါဝင်လာနိုင်တယ်ဆိုတာကို သိထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“မာဇာအူရီရဲ့ပွဲထွက်နေရာနဲ့ပတ်သက်ပြီး ကျွန်တော် တော်တော်လေးအံ့အားသင့်ခဲ့ရပါတယ်။ ကျွန်တော်တို့အတွက်တော့ မအံ့သြပါဘူး။ ဘာလို့လဲဆိုတော့ အမရာဘတ်က မာဇာအူရီအဲ့နေရာမှာ ပါဝင်လာနိုင်တယ်ဆိုတာကို ပြောပြထားပါတယ်။
သူက တန်ဟက်နဲ့ အေဂျက်မှာ အလုပ်အများကြီးလုပ်ခဲ့တာပါ။ သူ့မှာ အရည်အချင်းတွေရှိပါတယ်။ သူက ဘရူနိုမဟုတ်ပါဘူး။ ဒါပေမယ့် တိုက်စစ်မှူးကို ဖိအားပေးတာ နဲ့ ခံစစ်မှူး ၂ ဦးကိုတော့ အလုပ်ရှုပ်စေပါတယ်”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။ မော်ရိုကိုသားဟာ ဖာနန်ဒက်စ်ပြန်လာမှာဖြစ်တာကြောင့် လာမယ့် ဝက်စ်ဟမ်းနဲ့ပွဲမှာတော့ မူရင်းခံစစ်နေရာမှာပဲ ပါဝင်လာဖွယ်ရှိနေပါတယ်။