spot_img

မန်ယူအသင်း၏ရှယ်ယာ ၉ ဒသမ ၅ သန်းကို အသင်းပိုင်ရှင်မိသားစု ရောင်းချမည်

မန်ယူအသင်း၏ရှယ်ယာ ၉ ဒသမ ၅ သန်းကို ရောင်းချရန်အတွက် အသင်းပိုင်ရှင် ဂလေဇာမိသားစုက စတော့စျေးကွက်တွင် တင်ရှိခဲ့ကြောင်း သိရသည်။

ယင်းရောင်းချမည့် ရှယ်ယာများ၏တန်ဖိုးမှာ ပေါင် ၁၃၇.၁၂ သန်းရှိမည်ဟု BBC သတင်းဌာနက ဖော်ပြခဲ့သည်။

myan789

မန်ယူအသင်းသည် နယူးယောက်စတော့စျေးကွက်တွင် အောက်တိုဘာလ ၅ ရက် ညနေပိုင်းက အရောင်းတင်ခဲ့ပြီး ရောင်းချမည့်သူအမည်စာရင်းတွင် ကလပ်အသင်းဒါရိုက်တာများဖြစ် သည့် ကီဗင်ဂလေဇာနှင့် အက်ဒ်ဝပ်ဂလေဇာတို့၏အမည်များကို ထည့်သွင်းထားသည်။

ကလပ်အသင်းအနေဖြင့် ရှယ်ယာရောင်းချမှုမှ မည်သည့်အမြတ်အစွန်းမျှ ရရှိမည်မဟုတ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်မတ်လကလည်း ကွယ်လွန်သူ မယ်လ်ကွန်ဂလေဇာ၏ သားတစ်ဦးဖြစ်သူ အာဗရမ်ဂလေဇာက ပေါင် သန်း ၇၀ တန်ဖိုးရှိ အသင်းရှယ်ယာများကို ရောင်းချခဲ့သည်။

ယခုရောင်းချမည့် ရှယ်ယာအရေအတွက်သည် မန်ယူအသင်းတွင် ဂလေဇာမိသားစုပိုင်ဆိုင်သည့် ရှယ်ယာစုစုပေါင်း၏ ရှစ်ရာခိုင်နှုန်းရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ယင်းရှယ်ယာရောင်းချမှု အပြီးသတ်ခဲ့လျှင်ပင် မန်ယူအသင်း၌ ဂလေဇာ မိသားစုပိုင်ဆိုင်သည့် ရှယ်ယာစုစုပေါင်းမှာ ၆၉ ရာခိုင်နှုန်းအထိ ရှိနေဆဲပင်ဖြစ်သည်။

မန်ယူအသင်းကို ဂလေဇာမိသားစု ပိုင်ဆိုင်သည့်သက်တမ်းတစ်လျှောက် အသင်းပရိသတ်များ၏ ဝေဖန်တိုက်ခိုက်မှုများရှိခဲ့သော်လည်း အသင်းကို လက်လွှတ်ဖွယ်မရှိကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular