spot_img

မန်ယူအသင်းသို့ ပြန်လည်ပြောင်းရွှေ့မှုတွင် ဆရာဟောင်းဖြစ်သူ ဖာဂူဆန်မှာ အဓိကကျသည့်အကြောင်းပြချက်ဟု အင်တာဗျူးတွင် စီရော်နယ်လ်ဒို ဝန်ခံ

မန်ယူအသင်းသို့ တစ်ကျော့ပြန်ပြောင်းရွှေ့မှုတွင် ဆရာဟောင်းဖြစ်သူ အသင်း၏ ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်သည် အဓိကကျသည့်အကြောင်းပြချက်ဖြစ်သည်ဟု စီရော်နယ်လ်ဒိုက MUTV နှင့် အင်တာဗျူးတွင် ဖွင့်ဟခဲ့သည်။

သြဂုတ်လ (၂၇) ရက်တွင် မန်ယူအသင်း နှင့် သဘောတူညီမှုမရရှိမီ စီရော်နယ်လ်ဒို၏ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်သည် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပြောင်းရွှေ့ရန်နီးစပ်သည်အထိ ရောက်ရှိခဲ့သည်။

myan789

သို့သော် ယင်းနေ့နံနက်ပိုင်းတွင် ဖာဂူဆန်က စီရော်နယ်လ်ဒိုကို ဖုန်းခေါ်ခဲ့ပြီး တပည့်ဟောင်းအား အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လည်ခေါ်ယူမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု MEN Sport က ရေးသားခဲ့သည်။

”ကျွန်တော် အသက် (၁၈) နှစ်အရွယ်မှာ မန်ချက်စတာအတွက် စာချုပ်ချုပ်ဆိုကတည်းက ဆာအဲလက်စ်ဖာဂူဆန်ဟာ အဓိကဖြစ်ခဲ့တယ်ဆိုတာ လူတိုင်း သိပါ တယ်။ စပို့တင်းလစ္စဘွန်းမှာ ကျွန်တော် ကစားနေတုန်း မန်ချက်စတာအသင်းကို ပြိုင်ဘက်အဖြစ် ကစားခဲ့ရချိန်တွေကို အမှတ်ရမိပါတယ်။ ကျွန်တော့်အတွက်တော့ ဆာအဲလက်စ်ဖာဂူဆန်ဟာ ဘောလုံးမှာ ဖခင်တစ်ယောက်လိုပါပဲ။ သူက ကျွန်တော့်ကို အကူအညီများစွာ ပေးခဲ့တယ်။ အကြောင်းအရာများစွာလည်း သင်ကြားပို့ချခဲ့တယ်။ သူဟာ မယုံကြည်နိုင်စရာကောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ သူ့ကို ကျွန်တော်နှစ်သက်တဲ့ အရာများစွာရှိပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းအတွက် လက်မှတ်ထိုးပြီး ဒီနေရာမှာ ကျွန်တော် ရောက်နေတာဟာ သူက အဓိကကျပါတယ်”ဟု စီရော်နယ်လ်ဒိုက MUTV သို့ ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့် အချက်ကိုပါ စာချုပ်တွင် ထည့်သွင်းထားကြောင်း သြဂုတ် ၃၁ ရက်က အတည်ပြုကြေညာခဲ့သည်။

သတင်းများတွင် ဖော်ပြချက်အရ မန်ယူအသင်းသည် စီရော်နယ်လ်ဒိုအတွက် ကနဦးပြောင်းရွှေ့ကြေးမှာ ယူရို ၁၅ သန်းဖြစ်ပြီး Add-ons ကြေးမှာ (၅)နှစ်ကျော်အတွင်း ယူရို (၈)သန်း ပေးချေရမည်ဖြစ်ကာ ယင်းထဲမှ ယူရို (၅)သန်းကို ဂျူဗင်တပ်စ်အ သင်းထံ သေချာပေါက်ပေးရဖွယ်ရှိသည်။

စီရော်နယ်လ်ဒိုသည် မန်ယူအသင်းနှင့် ဆေးစစ်မှုခံယူခြင်း၊ MUTV နှင့် အင်တာဗျူးခြင်းများကို ပေါ်တူဂီတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular