spot_img

မန်ယူအသင်းတွင် COVID-19 ကူးစက်မှုများကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲ ရွှေ့ဆိုင်းခဲ့ရပြီးနောက် အသင်းကစားသမားများအားလုံးကို ကာကွယ်ဆေးထိုးနှံကြရန် နည်းပြ ရန်းနစ် တိုက်တွန်း

မန်ယူအသင်းနည်းပြ ရန်းနစ်က အသင်းတွင် COVID-19 ကူးစက်ပျံ့နှံ့မှုများကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲ ရွှေ့ဆိုင်းခဲ့ရပြီးနောက် အသင်းကစားသမားများအားလုံးကို ကာကွယ်ဆေးထိုးနှံကြရန် တိုက်တွန်းပြောကြားခဲ့သည်။

မန်ယူအသင်းတွင် ဒီဇင်ဘာလ ဒုတိယပတ်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု ဖြစ်ပွားခဲ့ပြီး ပွဲကစားရန် ကစားသမားအလုံအလောက်မရှိသဖြင့် ဘရန့်ဖို့ဒ်၊ ဘရိုက်တန်တို့ နှင့်ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲကို ရွှေ့ဆိုင်းခဲ့ရသလို အသင်း၏လေ့ကျင့်ရေးကွင်း ကာရင်တန်ကို နှစ်ကြိမ်တိုင်တိုင် ပိတ်ထားခဲ့ရသည်။ သို့သော် လက်ရှိတွင် မန်ယူအသင်းသည် လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေပြီဖြစ်သလို ဒီဇင်ဘာ ၂၇ ရက်တွင် ကစားမည့် နယူးကာဆယ်အသင်းနှင့် ပရီးမီး ယားလိဂ်ပွဲစဉ်အတွက် ပေါ့ဘာမှလွဲလျှင် Outfield ကစားသမား ၂၅ ဦးမှာ အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

myan789

ပရီးမီးယားလိဂ်တွင် COVID-19 ကာ ကွယ်ဆေးမထိုးလိုသည့် ကစားသမား ၁၆ ရာခိုင်နှုန်းအထိ ရှိနေသော်လည်း မျိုးဗီဇပြောင်း Omicron ပျံ့နှံ့မှုကို ကာကွယ်ရန် အတွက် ကာကွယ်ဆေးထိုးနှံကြရန် မန်ယူအသင်းနည်းပြ ရန်းနစ်က တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ရန်းနစ်က “ပရီးမီးယားလိဂ်တာဝန်ရှိသူတွေအနေနဲ့ အခုလိုအခြေအနေမျိုးမှာ ပြိုင်ပွဲကိုလုံခြုံစွာကျင်းပနိုင်ဖို့နဲ့ ကစားသမားတွေရဲ့ လုံခြုံရေးအတွက် ကြိုးပမ်းရမှာပါ။ ကျွန်တော်တို့ကတော့ အသင်းကစားသမားတွေကို ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာဖို့ တိုက်တွန်းထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ပရီးမီးယားလိဂ် ကစားသမားတွေကို ကာကွယ်ဆေးထိုးနှံဖို့ အတွက် အားပေးရမှာပါ။ ကျွန်တော် သိသလောက်တော့ ကျွန်တော်တို့အသင်းမှာ ကာကွယ်ဆေးထိုးနှံထားတဲ့ ကစားသမားများ ရာခိုင်နှုန်းတော်တော်များပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးထိုးထားရင်လည်း ဗိုင်းရပ်စ် ကူးစက်ခံရတာပါပဲ။ ဒါပေမဲ့ ကာကွယ်ဆေးထိုးပြီးသားသူတွေဟာ ရောဂါလက္ခဏာတွေ အပြင်းအထန်ခံစားရခြင်းမရှိဘဲ တချို့ဆိုရင် ရောဂါလက္ခဏာတောင် မပြပါဘူး” ဟု ပြောကြားခဲ့သည်။

ထို့ပြင် ရန်းနစ်က ဒီဇင်ဘာ ၂၃ ရက် (ကြာသပတေးနေ့) တွင် မန်ယူအသင်း၏ လေ့ကျင့်ရေးအစီအစဉ်၌ ပေါ့ဘာမှလွဲပြီး အဓိကကစားသမားများအားလုံး ပါဝင်နိုင်ခဲ့ကြောင်းနှင့် အသင်း၏အခြေအနေမှာ ကောင်းမွန်ကြောင်းလည်း ပြောကြားသည်။ မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ အဖြစ် ဒီဇင်ဘာ ၂၇ ရက် (တနင်္ဂလာနေ့)တွင် နယူးကာဆယ်အသင်းကို အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular