မန်ယူနိုက်တက်တို့ ဒီပုံစံအတိုင်းသာ ဆက်သွားနေမယ် ဆိုရင် ရာသီကုန်မှာ ဘယ်အဆင့် ရနိုင်သလဲ ဆိုတာ ခန့်မှန်းလိုက်တဲ့ ဟယ်ဆယ်ဘိန့်

ချဲလ်ဆီး နဲ့ လိဒ်ယူနိုက်တက် တိုက်စစ်မှုးဟောင်း ဖြစ်သူ ဂျင်မီဖလွိုက် ဟယ်ဆယ်ဘိန့်က မန်ချက်စတာယူနိုက်တက် အနေနဲ့ အသင်းရဲ့ ခြေစွမ်းကို တိုးတက်အောင် မလုပ် နိုင်ခဲ့ဘူး ဆိုရင် ဒီရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ဘယ်လောက်တောင် ဖြစ်သွား နိုင်သလဲ ဆိုတာကို ပြောပြ သွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီ အိုးထရပ်ဖို့ဒ်မှာ ပရီးမီးယားလိဂ် နိုင်ပွဲ မရသေးဘဲ လက်ရှိ အဆင့်မှာ ရပ်တည် နိုင်ဖို့ အတွက် အဝေးကွင်း ရလဒ်တွေကို အဓိက မှီခို ခဲ့ရပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၈ အပြီးမှာ ယူနိုက်တက်ဟာ ၇ ပွဲကစား ၃ ပွဲနိုင် ၁ ပွဲသရေ ၃ ပွဲ ရှုံးနိမ့် ထားခဲ့ကာ ထိပ်ဆုံးမှာ ဦးဆောင် နေတဲ့ လက်စတာ နဲ့ ၈ မှတ် ကွာဟ နေပါတယ်။ ဒါပေမယ့် လက်ကျန် ပွဲစဉ်ကိုသာ အနိုင် ရခဲ့မယ် ဆိုရင် မန်ယူနိုက်တက် အသင်းဟာ Top 10 ထဲကို ပြန်လည် ဝင်ရောက် လာမှာ ဖြစ်ပါတယ်။

myan789

ဒါပေမယ့် ယူနိုက်တက် အနေနဲ့ ထိပ်ပိုင်း အသင်းတွေနဲ့ ရမှတ် ကွာဟမှု မကြီးမားမီ ပုံစံကောင်းကို အမြန်ဆုံး ပြန်လည် ပြသနိုင်ဖို့ လိုအပ်နေပြီး မဟုတ်ရင် ပြီးခဲ့တဲ့ ရာသီတုန်းကလို ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာစာ ရရှိဖို့ အတွက် ရာသီနှောင်းပိုင်းမှာ နိုင်ပွဲတွေ ဆက်တိုက် ရယူ သွားရမယ့် အရေးနဲ့ ရင်ဆိုင် ရနိုင်ပါတယ်။

ယူနိုက်တက်ဟာ နိုင်ငံတကာ ပွဲစဉ်တွေ အပြီးမှာ ဝက်ဘရွမ်း ၊ ဆောက်သမ်တန် နဲ့ ဝက်ဟမ်း တို့နဲ့ ဆက်တိုက် ရင်ဆိုင် သွားရမှာ ဖြစ်ပြီး အဆိုပါ ပွဲစဉ်တွေ အပြီး ဒီဇင်ဘာ ၁၂ ရက်နေ့မှာ မန်စီးတီး နဲ့ မန်ချက်စတာဒါဘီ ပွဲကျပ်ကို ကစား သွားရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်တွေဟာ ယူနိုက်တက်တို့ ဒီရာသီ ဘာလုပ်ပြ နိုင်မလဲ ဆိုတာ အဆုံးအဖြတ် ဖြစ်နိုင်တဲ့ အပြင် အိုလီဂန်နာဆိုးရှားရဲ့ မန်နေဂျာ ရာထူး တည်မြဲရေး အတွက် အရေးပါလာ နိုင်ပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီး တိုက်စစ်မှုးဟောင်း ဟယ်ဆယ်ဘိန့်က ယူနိုက်တက် နဲ့ ပက်သက်ပြီး သံသယ ဖြစ်လျက် ရှိနေကာ အိုးထရပ်ဖို့ဒ် ကလပ်ရဲ့ ရလဒ်တွေ မတည်ငြိမ်မှုဟာ ၎င်းတို့ကို ပြန်ပြီး ဒုက္ခပေး သွားနိုင်တယ်လို့ ခံစား မိနေပါတယ်။

ဟယ်ဆယ်ဘိန့်က “မန်ချက်စတာယူနိုက်တက် မှာ ပုံမှန် ဂိုးသွင်းနိုင်တဲ့ တိုက်စစ်မှုး မရှိပါဘူး။ အက်ဒီဆင် ကာဗာနီလို တိုက်စစ်မှုး ရှိပေမယ့် သူ့ကို အရန် အဖြစ် ခေါ်ယူ ထားတာပါ။ သူတို့ အနေနဲ့ နောက်တန်း ၃ ယောက် ကစားကွက်နဲ့ မဖြစ်မနေ ကစား သွားရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ခံစစ် ကစားပုံဟာ အားနည်းမှုတွေ ရှိနေတာကို တွေ့ရပြီး ပြိုင်ဘက်ရဲ့ တိုက်စစ်ဆင်မှု တွေကို နောက်တန်း ၃ ယောက်နဲ့ တစ်ချိန်လုံး ကာထားဖို့ လိုအပ်လို့ပါ။ ပြီးတော့ သူတို့ဟာ ဒီရာသီမှာ ခြေစွမ်းပိုင်းလည်း တည်ငြိမ်မှု မရှိပါဘူး။ ကျွန်တော် ကတော့ ယူနိုက်တက်တို့ ဒီနှစ်မှာ top 4 ဝင်နိုင်လိမ့်မယ်လို့ မမြင်မိပါဘူး။

မန်စီးတီး ၊ လီဗာပူး နဲ့ တော့တင်ဟမ် တို့ကို ဖယ်ထုတ်ထားလိုက်ပါ။ ဒီ ၃ သင်းဟာ top 4 ဝင်ကြမယ့် အသင်းတွေပါ။ အမှန်တရားက အာဆင်နယ် ၊ လက်စတာ ၊ ဝုဖ် နဲ့ အဲဗာတန် တို့ကလည်း သူတို့ဟာ ယူနိုက်တက်ထက် မကောင်းဘူး ဆိုရင်တောင် ယူနိုက်တက်နဲ့ တန်းတူ အနေအထား ရှိတယ်လို့ ထင်နေကြမှာ ဖြစ်ပါတယ်။ အကယ်၍ ယူနိုက်တက်တို့ တိုးတက်မှုကို မပြသဘူး ဆိုရင် ရုတ်တရက် ဆိုသလိုပဲ အဆင့် ၉ နေရာနဲ့ ရာသီသိမ်း သွားနိုင် ပါတယ်။ ဒါဟာ ဖြစ်နိုင်ခြေ ရှိတဲ့ အမှန်တရားပါ။” လို့ ဆိုသွား ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular