မန်ယူနည်းပြရာထူးမှ ဆိုးလ်ရှားထုတ်ပယ်ခံရသင့်သည်ဟု မဲပေးသည့် ပရိသတ်(၈၇%)ရှိကြောင်း Marca က ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် ပြိုင်ပွဲစုံနောက်ဆုံး(၅)ပွဲတွင် နို်င်ပွဲတစ်ပွဲသာ ရရှိခဲ့ပြီးနောက် Marca က ဆိုးလ်ရှားကို မန်ယူအသင်း ရာထူးမှ ထုတ်ပယ်သင့်သလားဟု မေးခွန်းထုတ်၍ ပရိသတ်များထံ သဘောထားတောင်းခံခဲ့ခြင်းဖြစ်သည်။
ပရိသတ်(၂၂၀၀)ကျော် ဝင်ရောက်ဖြေဆိုခဲ့ရာတွင် (၈၇%) က ထုတ်ပယ်သင့်သည်ဟု မဲပေးခဲ့ပြီး (၁၃%)ကသာ မထုတ်သင့်ဟု မဲပေးခဲ့ခြင်းဖြစ်သည်။
သို့သော် မန်ယူအသင်းနှင့် နီးစပ်သူများကမူ ဆိုးလ်ရှား ထုတ်ပယ်ခံရဖွယ်မရှိသေးဟု အခိုင်အမာပြောကြားလျက်ရှိသည်။